သတင်းများ

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသည့် Volunteer များ အတွက် ကျန်းမာရေးသုံးအကာအကွယ်ပစ္စည်းများ ထောက်ပံ့
Aug 31,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသည့် Volunteer များအတွက်၊ ကျန်းမာရေးသုံး အကာအကွယ်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံ မျက်နှာစာတွင် ပြုလုပ်ခဲ့သည်။
မိုးကောင်းမြို့နယ်ပြည်သူ့ဆေးရုံရှိ Oxygen Plant နှင့် အဆောက်အဦး ၁၀၀ ရာခိုင်နှုန်းတပ်ဆင် တည်ဆောက်ပြီးစီး၍ စတင်ဖွင့်လှစ်လည်ပတ်နေ
Aug 31,2021
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာများအား ဆေးကုသပေးရာတွင် အသုံးပြုနိုင်ရန်အတွက် ရန်ကုန်မြို့နေ ဦးတင်မောင်+ဒေါ်စီစီမိုး (XIE family Company Ltd) ရှယ်မိသားစုကုမ္ပဏီမှ လှူဒါန်းသည့် မြို့နယ်ပြည်သူ့ဆေးရုံရှိ Oxygen Plant နှင့် အဆောက်အဦးသည် ၁၀၀ ရာခိုင်နှုန်းတပ်ဆင် တည်ဆောက်ပြီးစီးရာ ယမန်နေ့တွင် စတင်လည်ပတ် လျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ဝေဒနာရှင်များ အသုံးပြုရန်အတွက် အလှူရှင်များ လှူဒါန်းသည့် အောက်ဆီဂျင်စက် မြိတ်ပြည်သူ့ဆေးရုံ ရောက်ရှိတပ်ဆင်
Aug 31,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေကြသည့် ကိုဗစ်-၁၉ ဝေဒနာရှင်များ အသုံးပြုရန်အတွက် စေတနာရှင်လှူဒါန်းငွေများဖြင့် မြိတ်ဒေသ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေး အထောက်အကူပြုကော်မတီမှ တရုတ်နိုင်ငံသို့ မှာယူထားသည့် အောက်ဆီဂျင်စက်သည် ယမန်နေ့ ညပိုင်းတွင် မော်တော်ယာဉ်ဖြင့် ပြည်သူ့ဆေးရုံ အောက်ဆီဂျင်စက်ရုံသို့ ရောက်ရှိလာခဲ့သည်။
မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရုံးဝင်းအတွင်း၌ စုပေါင်းရုံး(၄)ထပ်ဆောင်အသစ် တည်ဆောက်နေမှု (၄၀)ရာခိုင်နှုန်းကျော်ပြီးစီး
Aug 31,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝင်းအတွင်း၌ ဆောက်လုပ် လျက်ရှိသော စုပေါင်းရုံး RC(၄)ထပ်ဆောင် အသစ်တည်ဆောက်နေမှု လုပ်ငန်းအားလုံး (၄၀)ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ချင်းပြည်နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ရေတို/ရေရှည်စီမံကိန်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ ချင်းပြည်နယ် ဝန်ကြီးချုပ် တက်ရောက်
Aug 31,2021
ချင်းပြည်နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေတို/ရေရှည်စီမံကိန်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ရေပြင်အသက်ကယ်ဆယ်ရေး ဇာတ်တိုက် လေ့ကျင်းခြင်း သရုပ်ပြပွဲနှင့် ပိုလန်နိုင်ငံထုတ် အဆင့်မြှင့်မီးသတ်ယာဉ်များအား လှည့်လည်ကြည့်ရှု့စစ်ဆေး
Aug 31,2021
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုး‌ဆွေဝင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက ပဲခူးမြို့အတွင်းရှိ မဇင်းဆည်တွင် ပဲခူးတိုင်းဒေသကြီးမီးသတ် ဦးစီးဌာနနှင့် ပဲခူးမြို့ပေါ်ရှိ ရှာဖွေကယ်ဆယ်ရေး အသင်းအဖွဲ့များ ပူးပေါင်း၍ Fireboat နှင့် ရှာဖွေကယ်ဆယ်ရေး ယာဉ်များ မောင်းနှင်ပြသခြင်း၊ အမျိုးသမီးတပ်ဖွဲ့ဝင်များမှ Fireboat မီးငြှိမ်းသတ် သရုပ်ပြခြင်း၊ ရေမျောလာသူအား အသက်ကယ် ဘောကွင်းများ အသုံးပြု၍ ကယ်ဆယ်သရုပ်ပြခြင်း၊ အသက်ကယ်လှေပေါ်ရှိ မီးသတ်တပ်ဖွဲ့ဝင်များမှ ရေနစ်သူများအား ဆင်းသက် ကယ်ဆယ်နေမှု သရုပ်ပြခြင်း၊ ခါးကျိုးလူနာအား ကယ်ဆယ်သရုပ်ပြခြင်းနှင့် Lifebuoy ကိုအသုံးပြု၍ ရေနစ်နေသူအား ကယ်ဆယ်နေမှုသရုပ်ပြခြင်းစသည့် ရေပြင် သက်ကယ် ရှာဖွေကယ်ဆယ်ရေး ဆက်တိုက်လေ့ကျင့်ခြင်း၊ သရုပ်ပြခြင်းတို့ကို အားပေး ကြည့်ရှု့သည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးအတွင်း သားငါးမွေးမြူထုတ်လုပ်မှု မြှင့်တင်ရေးညှိနှိုင်း အစည်းအဝေးတက်ရောက်
Aug 31,2021
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သားငါးမွေးမြူထုတ်လုပ်မှုမြှင့်တင်ရေးညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာချုပ် တိုင်းမှူးဗိုလ်မှူးချုပ် ဖြိုးသန့်နှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ တိုင်းဒေသကြီး/ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာ၊ ရွှေဘို၊ စစ်ကိုင်း၊ ယင်းမာပင်ခရိုင်များမှ မွေးမြူရေးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌများနှင့် အစာထုတ်လုပ်ရောင်းချသူများ အသင်းအဖွဲ့များမှ ဥက္ကဋ္ဌများ တက်ရောက်ကြသည်။
ထားဝယ်မြို့တွင် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်၊ ကာကွယ်၊ ကုသရေးအတွက် Oxygen Concentrators အပါအဝင် ဆေးဝါးပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ
Aug 31,2021
ကိုဗစ်-၁၉ရောဂါ ထိန်းချုပ် ကာကွယ် ကုသရေးအတွက် Oxygen Concentrators (10-Liter)၊ ဆန်နှင့် ဆေးဝါးများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။