သတင်းများ

ရိခေါ်ဒါရ်မြို့၌ ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး
Aug 30,2021
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိခေါ်ဒါရ်မြို့၌ တာဝန်ထမ်းဆောင်သည့် နိုင်ငံ့ဝန်ထမ်း၊ ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံခြင်းကို ယနေ့နံနက် ၉ နာရီမှစ၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ရွှေကူမြို့နယ်အတွင်းရှိ အသက် ၆၅ နှစ်နှင့်အထက်ရှိသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး
Aug 30,2021
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့နယ်အတွင်းရှိ အသက် ၆၅ နှစ်နှင့်အထက်ရှိသူများ၊ သံဃာတော်များ၊ လူမှုရေးအသင်းအဖွဲ့များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံမှုအား ယနေ့နံနက်(၉)နာရီက ရွှေကူမြို့နယ် မြို့တော်ခန်းမတွင် စတင် ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
ဖြူးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံ
Aug 30,2021
ပဲခူးတိုင်းဒေသကြီး၊  တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  မထိုးနှံရ  သေးသူများအား ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီက  မြို့တော်ခန်းမ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ ကျိုင်းတုံမြို့နယ် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များအား တွေ့ဆုံ
Aug 30,2021
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် အဖွဲ့သည် ကျိုင်းတုံမြို့နယ် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များအား ဩဂုတ် ၂၉ ရက်က မြို့နယ်စည်ပင်သာယာခန်းမ၌ တွေ့ဆုံသည်။
ဝန်းသိုမြို့နယ်တွင် မိုးစပါးလျာထားဧကထက် ကျော်လွန်စိုက်ပျိုးပြီးစီး
Aug 30,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်အတွင်း စံပြကွက်များနှင့် မျိုးထုတ်ကွက် စိုက်ခင်းများတွင် တစ်ဧကတင်း ၁၀၀ထွက်ရှိရေးအတွက် ဓာတ်မြေဩဇာထည့်သွင်းကြဲပက်ခြင်း၊ အပင်ပွှားနှုန်းစစ်တမ်းကောက်ယူခြင်းနှင့် ပိုးမွှားအန္တရာယ်ကာကွယ်နိုင်ရေး Yellow Sticker များအခမဲ့ပေး ဝေခြင်းတို့ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် အကျိုးဆောင်တောင်သူများပူးပေါင်း၍ ကွင်းဆင်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ရေစကြိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံ
Aug 30,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ခွဲတမ်းရရှိထားသော ဆေး ၈၀၀လုံးကို ဆေးမထိုးနှံရသေးသည့် အသက်(၆၅)နှစ်နှင့်အထက် ပြည်သူများ နှင့် လူမှုရေးအသင်းအဖွဲ့များအား ကာကွယ်ဆေး ဆက်လက်ထိုးနှံခြင်းကို ဩဂုတ်လ ၁ ရက်နေ့က ပထမအကြိမ်အဖြစ် ထိုးနှံပြီးဖြစ်ရာ၊ ဒုတိယအကြိမ် အဖြစ် ယမန်နေ့ ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွန်ချက်များနှင့်အညီ စနစ်တကျ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့မှ မြစ်ကြီးနားမြို့၌ တစ်ရက်လျှင် လီတာ ၄၀ ဝင်ဆံ့သည့် အောက်စီဂျင်အိုး အလုံးရေ ၁၂၀ ထုတ်လုပ်နိုင်သည့် အောက်စီဂျင်စက်ရုံ ဖွင့်လှစ်
Aug 30,2021
ကချင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး အတွက် အောက်စီဂျင်လိုအပ်ချက် ပြည့်မီဖူလုံစွာရရှိရေး ကြိုးပမ်းဆောင်ရွက်ခဲ့ရာ မြစ်ကြီးနားမြို့ ၌ တစ်ရက်လျှင် လီတာ ၄၀ ဝင်ဆံ့သည့် အောက်စီဂျင်အိုး အလုံးရေ ၁၂၀ ထုတ်လုပ်နိုင်သည့် အောက်စီဂျင်စက်ရုံအား ယနေ့နံနက် ၈ နာရီခွဲတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး တို့က ဖွင့်လှစ်ပေးခဲ့ကြသည်။
မြစ်ကြီးနား အကျဉ်းထောင်အတွင်းရှိ အကျဉ်းသား၊ အကျဉ်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေး
Aug 30,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားအကျဉ်းထောင်အတွင်းရှိ အကျဉ်းသား၊ အကျဉ်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယနေ့တွင် ကျန်းမာရေးဝန်ထမ်းများက သွားရောက်ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။