သတင်းများ

ငါန်းဇွန်မြို့နယ်တွင် အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် စတင်ထိုးနှံပေး
Aug 30,2021
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများအား ယနေ့ နံနက် ၉နာရီမှ ၁၁နာရီအချိန်အထိ မြို့နယ်အတွင်းရှိ ဇုံနယ်မြေအလိုက် သတ်မှတ်နေရာ များ၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် စတင်ထိုးနှံပေးကြောင်း သိရသည်။
ကျောက်တော်မြို့၌ အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများနှင့် ပြည်သူများအား (Sinopharm) COVID-19 ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံ
Aug 30,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့၌ အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အို များကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက် ထိုးနှံခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံရှိ အစည်းအဝေးခန်းမနှင့် ပြင်ပလူနာနားနေဆောင်တို့တွင် သတ်မှတ်စုရပ်နေရာများထားရှိပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
မင်းဘူး(စကု)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဒုတိယအကြိမ်ထိုးနှံ
Aug 30,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ကိုဗစ်ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးစီးသူများကို ဒုယအကြိမ်အဖြစ် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ယနေ့ နံနက် ၈ နာရီအချိန်က မင်းဘူးမြို့ (မင်းပူးဦးဩဘာသ) မြို့နယ်ခန်းမနှင့် စကုမြို့ အခြေခံပညာ အထက်တန်းကျောင်းတို့၌ နှစ်နေရာခွဲ၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ရွာငံမြို့နယ် ပြည်သူ့အားကစားကွင်းအတွင်း မိုးလုံလေလုံ အားကစားရုံဆောက်လုပ်မှုနှင့် ဘောလုံးကွင်း မြေညှိခြင်းလုပ်ငန်းများ ၈၀ ရာခိုင်နှုန်းကျော်ပြီးစီး
Aug 30,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်တွင် အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ၂၀၂၀−၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် မြို့နယ်ပြည်သူ့ အားကစားဝင်း အတွင်း မိုးလုံလေလုံ အားကစားရုံအား လင်းမြတ်နိုင် တင်ဒါအောင် ဆောက်လုပ်ရေး ကုမ္ပဏီက ခွင့်ပြုရန်ပုံငွေကျပ် (၃၅၂.၈၀၀)သန်းနှင့် အလျား၂၀၀ပေ၊ အနံ ၁၀၀ပေနှင့် ခေါင်းမိုးအမြင့် ၃၀ပေရှိ Steel Structure အဆောက်အဦအမျိုးအစားကို တည်ဆောက်ပေးလျက်ရှိရာ လုပ်ငန်းများ ၈၀ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ပျဉ်မနား-တောင်တွင်းကြီး-ပျဉ်မနား အမှတ် (၁၀၃)အဆန်၊ အမှတ်(၁၀၄) အစုန်လော်ကယ်ရထား စတင်ပြေးဆွဲ
Aug 30,2021
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားသည် ရထားစီးခရီးသွားမိဘပြည်သူများ အဆင်ပြေလွယ်ကူစွာ သွားလာနိုင်ရေးအတွက် ရထားလမ်းပိုင်း အသီးသီးတွင် ရထားများ ပြေးဆွဲလျက်ရှိရာ ယခုထပ်မံ၍ ဩဂုတ်လ (၃၀)ရက်မှစ၍ ပျဉ်မနား-တောင်တွင်းကြီး-ပျဉ်မနား ခရီးစဉ်အမှတ်(၁၀၃)အဆန်၊ အမှတ်(၁၀၄) အစုန်လော်ကယ်ရထားအား လူစီးတွဲ(၄)တွဲ၊ ပါဆယ်ကုန်တင်တွဲ(၁)တွဲ၊ ဘရိတ်တွဲ(၁)တွဲဖြင့် စတင်ပြေးဆွဲလျက်ရှိပြီး အမှတ်(၁၀၃) အဆန်ရထားသည်
တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/ မရှိ Test Kit ဖြင့် အခမဲ့ စစ်ဆေးပေးမည်
Aug 30,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရန်အတွက် သံသယရှိသူ မည်သူ့ကိုမဆို ကိုဗစ်-၁၉ ရောဂါပိုး ရှိ/ မရှိအား နှာခေါင်းတို့ဖတ် ရယူ၍ ယနေ့မှ စတင်၍ အမှတ်(၄)ရပ်ကွက်ရုံး၌ Test Kit ဖြင့် အခမဲ့ စစ်ဆေးဆောင်ရွက်ပေးနေပြီဖြစ်သည်။ 
ဒလမြို့နယ် ပြည်သူ့ဆေးရုံနှင့် တိုက်နယ်ဆေးရုံများရှိ ကိုဗစ်-၁၉ အရေးပေါ် လူနာများ အသုံးပြုရန် အောက်ဆီဂျင်စက်များ ပေးအပ်လှူဒါန်း
Aug 30,2021
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ အရေးပေါ်လူနာများ အသုံးပြုနိုင်ရန် ရည်ရွယ်၍ အောက်ဆီဂျင်စက်များနှင့် ဆက်စပ်ပစ္စည်းများကို ယနေ့ နံနက် ၁၁ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ၌ ပေးအပ်လှူဒါန်းခဲ့သည်။
ရေတာရှည်မြို့နယ်၌ ကိုဗစ်-၁၉ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိ
Aug 30,2021
ပဲခူးတိုင်း​ဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ် ကို ဇူလိုင်၂၉ရက်ရက်နေ့က စတင်ထိုးနှံပေးခဲ့ရာ ယနေ့နံနက်ပိုင်းက ကာကွယ်ဆေးဒုတိယအကြိမ်ကို အ.ထ.က (ရေတာရှည်)ကျောင်းရှိ အောင်ဆန်းခန်းမတွင် ဆက်လက်ထိုးနှံပေးခဲ့သည်။