သတင်းများ

ပန်းဘဲတန်းမြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် မိဘပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်- ၁၉ ကာကွယ်ဆေးများထိုးနှံပေး
Aug 31,2021
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ပန်းဘဲတန်းမြို့နယ်အတွင်းရှိ အသက် (၆၅) နှစ် နှင့်အထက် မိဘပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်း လုပ်ငန်းကို ယမန်နေ့နံနက်(၉)နာရီမှစတင်၍ ပန်းဘဲတန်းမြို့နယ်၊ အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်းရှိ ဧကရီခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီဆောင်ရွက်ကြသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အောင်မြေသာစံမြို့နယ် အတွင်းရှိ အိမ်ထောင်စု(၁၂၄၇)စု၊ လူဦးရေ (၄၈၈၈)ဦး တို့အား ဆန်များထောက်ပံ့ပေးအပ်
Aug 31,2021
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အောင်မြေသာစံမြို့နယ်အတွင်းရှိ အိမ်ထောင်စု(၁၂၄၇)စု၊ လူဦးရေ (၄၈၈၈)ဦးတို့အား ယနေ့နံနက်၁၀နာရီက အမရဌာနီအရှေ့ရပ်ကွက်ရှိ ထားဝယ် ဓမ္မာရုံနှင့် ပြည်ကြီးရန်လုံရပ်ကွက်ရှိ ကိုးခန်းဓမ္မာရုံတို့တွင် ဆန်များ ထောက်ပံ့ပေးအပ်ကြသည်။
ကလေးမြို့၌ မြစ်သာမြစ်(ပြင်သာ)ရေ အနည်းငယ်ကျဆင်း
Aug 31,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင် ကလေးမြို့တွင် မြစ်သာမြစ်ရေ(ပြင်သာ)သည် လွန်ခဲ့သော ၂၄ နာရီအတွင်း -၃ စင်တီမီတာ(၁ လက်မ) ကျဆင်းခဲ့ကြောင်း ကလေးမြို့ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူ ၇၁၄ ဦးအား စပါးနှင့် အခြားသီးနှံစိုက်ပျိုးရန်အတွက် မိုးသီးနှံ ချေးငွေ စုစုပေါင်း ၅၆၁၀၅၀၀၀၀ ထုတ်ချေးပေးပြီးဖြစ်
Aug 31,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲက ၂၀၂၁-၂၀၂၂ ခုနှစ်၊ မိုးသီးနှံ စိုက်ပျိုးရာသီတွင် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ မိုးစပါးနှင့် အခြားသီးနှံ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် ဇွန်လ(၁၀)ရက်နေ့က စတင်ပြီး မိုးသီးနှံစိုက်ပျိုးစရိတ် ချေးငွေများကို ထုတ်ချေးပေး လျက်ရှိရာ ယခု ဩဂုတ်(၃၁)ရက်နေ့အထိ ဒေသခံတောင်သူ ဦးရေ စုစုပေါင်း ၇၁၄ ဦးအား ချေးငွေကျပ်ပေါင်း ၅၆၁၀၅၀၀၀၀ ထုတ်ချေးပေးပြီးဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲမှ မြို့နယ် ဘဏ်မန်နေဂျာ ဦးစန်းသော် ထံက သိရသည်။
ဝမ်းတွင်းမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကျေးရွာတစ်ချို့ ရေကြီးရေလျှံမှု ဖြစ်ပွား
Aug 31,2021
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် ယမန်နေ့ ညဦးပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယနေ့ နံနက်(၃)နာရီအချိန်တွင် လျှော်ပင်ကျေးရွာအတွင်းသို့ ရေများဝင်ရောက်ခဲ့ကြောင်း သိရသည်။
ချောက်မြို့တွင် ဧရာဝတီမြစ်ရေတိုးမြှင့်ဝင်ရောက်လာမှုကြောင့် စိုးရိမ်ရေအမှတ်သို့ ရောက်ရန် ၃၇ စင်တီမီတာ သာလို​
Aug 31,2021
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့တွင် ဧရာဝတီမြစ်ရေ တိုးမြှင့်ဝင်ရောက်လာမှုကြောင့် မြေနိမ့်ပိုင်းဖြစ်သော မြစ်ရေဝင် အမှတ်(၃)၊ အမှတ်(၄)၊ အမှတ်(၇)၊ အမှတ်(၈)ရပ်ကွက် အသီးသီးတို့မှ အိမ်ထောင်စုများသည်​ ရေ​​ဘေး​ရှောင်ရန် ကြိုတင်ပြင်ဆင်မှုများ​ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ရွှေဘိုမြို့မဈေးကြီးအတွင်း ယခင်မီးလောင်မှုဖြစ်ပွား၍ ကျန်ခဲ့သည် ဈေးဆိုင်ခန်းများအတွင်းရှိ ကတ်စက္ကူများ မီးလောင်မှုဖြစ်
Aug 31,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့မဈေးကြီးအတွင်း ယခင်မီးလောင်မှုဖြစ်ပွား၍ ကျန်ခဲ့သည် ဈေးဆိုင်ခန်းများအတွင်းရှိ ကတ်စက္ကူများ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ရွှေဘိုခရိုင် မီးသတ်ဦးစီးမှူး ဦးအေးမြင့်ထံမှ သိရသည်။
ကိုဗစ်-၁၉ရောဂါ ကူးစက်ခံခဲ့ရသော ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအား ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့ငွေများ ပေးအပ်ခြင်း အခမ်းအနားကျင်းပ
Aug 31,2021
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယနေ့ နံနက် ၁၀ နာရီက သာယာဝတီမြို့ ဆရာစံခန်းမတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ခံခဲ့ရသော ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ငွေများပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။