ကျောက်မြောင်းမြို့တွင် Home Garden သီးနှံမျိုးစေ့ ပေးအပ်ပွဲကျင်းပ

ကျောက်မြောင်း ဩဂုတ် ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းမြို့တွင် Home Garden သီးနှံမျိုးစေ့နှင့် Gypsumကျောက်မှုန့်ပေးအပ်ပွဲကို ကျောက်မြောင်းမြို့ စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

ပထမဦးစွာ ရွှေဘိုခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးတင်မောင်ဆွေက အဖွင့်အမှာစကားပြောကြားပြီးနောက် မြို့နယ်ဦးစီးမှူးထံ မျိုးစေ့များနှင့် Gypsum တို့အား ပေးအပ်ခဲ့သည်။ ဆက်လက်၍ ကျောက်မြောင်းမြို့ မြို့ဦးစီးမှူး ဒေါ်ခင်ဝင်းက ကျေးလက်နေတောင်သူများအား သီးနှံမျိုးစေ့များနှင့်ဂျက်ပဆန်များ ပေးအပ်ခဲ့သည်။ ပေးအပ်မှုအပေါ် တောင်သူ ဦးကံထွန်းက ပေးအပ်သော သီးနှံမျိုးစေ့နှင့်ဂျက်ပဆန်များကို စနစ်တကျစိုက်ပျိုးသုံးစွဲသွားမည်ဖြစ်ကြောင်းနှင့် စိုက်ပျိုးရေးဦးစီးဌာနအား ကျေးဇူးတင်ရှိပါကြောင်းပြောပြခဲ့ကြောင်း သိရှိရသည်။

သီဟာနု