သတင်းများ

ဟိုပုံးမြို့နယ်တွင် ဟိုပုံးကိုရင်လေးကျောင်းဝန်းနှင့် ဟိုတိကျေးရွာအား Local Semi-Lock Down သတ်မှတ်ထား
Sep 05,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ စငေါကျေးရွာအုပ်စု၊ ဟိုတိကျေးရွာ နှင့် ဟိုပုံးကိုရင်လေးကျောင်းဝန်းနေရာတို့တွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပြန့်နှံ့မှုမရှိ စေရေးအတွက် Local Semi-Lock Down သတ်မှတ်ခြင်းကို အမိန့်အမှတ် (၁/၂၀၂၁)အရ စက်တင်ဘာလ(၃)ရက်နေ့တွင် ထုတ်ပြန်ထားကြောင်းသိရသည်။
တာလေမြို့၌ ကျေးလက်ဒေသဖွံ့ဖြိုးရေး ကျေးရွာအတွင်း ကွန်ကရစ်လမ်းခင်းခြင်းဆောင်ရွက်
Sep 04,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မိုင်းလင်းအနောက် ကျေးရွာအုပ်စု၊‌ တော်ကော့းရွာတွင်းလမ်း ကွန်ကရစ်ခင်း ခြင်းကို ဩဂုတ် ၆ ရက်က စတင်ခဲ့ပြီး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
ပြင်စလူမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ထိုးနှံထားသူများကို ဒုတိယ အကြိမ် ၊ တတိယနေ့ဆက်လက်ထိုးနှံပေး
Sep 04,2021
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် ပထမအကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm အမျိုးအစား ထိုးနှံထားသူများကို ဒုတိယအကြိမ်၊ တတိယ နေ့ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီ၌ ပြင်စလူမြို့၊ အမှတ် (၃)ရပ် ကွက် ရှိ မြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနခန်းမတွင် ကျန်ရှိနေသည့်မိဘပြည်သူများ အားဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မဘိမ်းမြို့နယ်၌ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်
Sep 04,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်၌ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ အသက် ၈၅နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က သက်ကြီးဘိုးဘွားများထံ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ ပေးအပ် ခဲ့ကြောင်း သိရှိရသည်။
မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Sep 04,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့တွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏  လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀နာရီ ၃၀ မိနစ် အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ငွေသာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ဆိပ်ဖြူမြို့နယ်၌ ချစ်ချောင်းရေတိုက်စားခြင်းကြောင့် လျှပ်စစ်မီးတိုင်များ ယိုင်လဲ၍ လျှပ်စစ်ဓာတ်အားပြတ်တောက်ခဲ့သည့် ဒေါသာကျေးရွာပြည်သူများအတွက် လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိရေး ဆောင်ရွက်ပေး
Sep 04,2021
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် စက်တင်ဘာလ၂ ရက်နေ့နံနက်အစောပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ဆိပ်ဖြူမြို့မှ ဒေါသာကျေးရွာသို့သွယ်တန်းထားသည့်  11 kv ဓာတ်အားလိုင်းသည် ဆင်နီတောင်ကျေးရွာနှင့် ဒေါသာကျေးရွာအကြားရှိ ချစ်ချောင်း ရေတိုက်စားခြင်းကြောင့် လျှပ်စစ်ဓာတ်အားပို့လွှတ်သည့် ဓာတ်အားတိုင်များ လဲပြို၍ ဒေါသာ ကျေးရွာပြည်သူများ လျှပ်စစ်ဓာတ်အားပြတ်တောက်ခြင်းဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။
လူထုအခြေပြုကုသရေးနှင့် စောင့်ရှောက်ရေး၊ ဆေးဘက်ဆိုင်ရာကုသမှုနှင့် ဆေးဝါးကုထုံးသင် တန်းဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအည်းအဝေးကျင်းပ
Sep 04,2021
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး United Nations Office Drugs and Crime (UNODC)နှင့် မြန်မာနိုင်ငံစေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးအသင်း(ဗဟို)တို့ ပူးပေါင်း၍ လူထုအခြေပြုကုသရေးနှင့်စောင့်ရှောက်ရေး၊ ဆေးဘက်ဆိုင်ရာကုသမှုနှင့် ဆေးဝါးကုထုံးသင်တန်းဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက မင်းတဲအီကင်းရပ်ကွက်၊ အကွက်(၁၀၉) ရှိ စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးအသင်း(ဗဟို)ရုံး၌ ကျင်းပသည်။
မြိတ်မြို့မှအလှူရှင်မိသားစုများက သာရဘွင်ကျေးရွာမှ  အိမ်ထောင်စု(၂၂၀)စုအတွက် ဆန်နှင့်စားရိက္ခာများထောက်ပံ့လှူဒါန်း
Sep 04,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် မြိတ်မြို့မှ အလှူရှင်မိသားစုများမှ တနင်္သာရီမြို့နယ်၊ သာရဘွင်ကျေးရွာအုပ်စု-သာရဘွင်ကျေးရွာအတွင်းရှိ လက်လုပ်လက်စားအခြေခံလူတန်းစား အိမ်ထောင်စု(၂၂၀)စုအတွက် လက်ရှိဖြစ်ပွားနေသောကို ဗစ်ရောဂါကာလအတွင်း ထိုက်သင့်သမျှသော စားဝတ်နေရေးဆင်ပြေစေရန် ရည်ရွယ်လျက် ဆန်နှင့်စားရိက္ခာများကို ပေးပို့လှူဒါန်းရာ ယနေ့ နံနက် ၇ နာရီ အချိန်မှစပြီး အိမ်တိုင်ရာရောက် လိုက်လံပို့ဆောင်၍ ထောက်ပံ့ လှူဒါန်းပေးကြောင်း သိရှိရသည်။