သတင်းများ

ရခိုင်ပြည်နယ်၊ ကျန်းမာရေးဦးစီးမှူး ကဂွမြို့နယ်တွင်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm) ဒုတိယ အကြိမ် ထိုးနှံပေးမှုကို လာရောက်ကြည့်ရှု
Sep 05,2021
ဂွမြို့နယ်အတွင်း ကိုဗစ်ပိုးတွေ့ရှိနှုန်း လျော့ကျခြင်းမရှိသောကြောင့် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်နိုင်ရေး အတွက် ရခိုင်ပြည်နယ်၊ ကျန်းမာရေးဦးစီးမှူး ဒေါက်တာဦးကြည်လွင်သည် သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ဂွမြို့စုရပ်ဖြစ်သည့် အောင်မင်္ဂလာခန်းမ၌ ယနေ့ နံနက်ပိုင်းတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm)ဒုတိယအကြိမ် တိုကင်စနစ်ဖြင့် ထိုးနှံပေးမှုကို လာရောက်ကြည့်ရှုခဲ့ကြောင်းသိရသည်။
မုံရွာမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး
Sep 05,2021
မုံရွာမြို့နယ်အတွင်းရှိ ထေရ်ကြီးဝါကြီးဆရာတော်ကြီးများ၊ သံဃာ‌တော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များနှင့် အသက်(၆၅)နှစ်နှင့်အထက် အသက်အရွယ် ကြီးရင့်သူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပြည်သူများအတွက် ကိုဗစ်-၁၉ရောဂါ မပြန့်ပွားမကူးစက်ရန်အတွက် အထူးအလေးထားကာ နိုင်ငံတော်မှ ထောက်ပံ့သည့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို စဥ်ဆက်မပျက် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက်(၉)နာရီမှ နေ့လယ်(၁)နာရီအထိ မုံရွာမြို့ပေါ်ရှိ တိုင်းဒေသကြီး ပြည်သူ့အားကစားကွင်း အတွင်းရှိ ဖူဆယ်အားကစားရုံခန်းမတွင် တိုင်းအားကစားကွင်း (ဖူဆယ်)၊ ကျား(၁၃၇)ဦး၊ မ(၆၁)ဦး၊ ပေါင်း(၁၉၈)ဦး နှင့် မိုးလုံလေလုံ အားကစားရုံခန်းမတွင် ကျား(၁၇၄)ဦး၊ မ(၂၄၈)ဦး၊ ပေါင်း(၄၂၂)ဦး၊ အခြေခံပညာအထက်တန်းကျောင်း(အလုံ)တွင် ကျား(၁၁၁)ဦး၊ မ(၁၂၆)ဦး၊ ပေါင်း(၂၃၇)ဦး၊ တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနရုံးတွင် ကျား(၉၅)ဦး၊ မ(၁၂၈)ဦး၊ ပေါင်း(၂၂၃)ဦး စသည့် ဆေးထိုးစုရပ် (၄)နေရာတို့တွင် ဦးတည်အုပ်စု(၁၂)စုမှ ဦးစားပေးအလိုက် ကျား(၅၁၇)ဦး၊ မ(၅၆၃)ဦး၊ ပေါင်း (၁၀၈၀)ဦးတို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ဒုတိယအကြိမ်) ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ဟားခါးမြို့ရှိ ဝမ္မသူးမောင်အားကစားကွင်းနှင့် ကီယိုမန်းအားကစားကွင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းနှင့် အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Sep 05,2021
ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း၊ တိုင်းရင်းသားရေးရာ ဝန်ကြီးဦးစိန်ထွန်းလှနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ဟားခါးမြို့ရှိ ဝမ္မသူးမောင်အားကစားကွင်း မီတာ (၄၀၀) Synthetic ပြေးလမ်းခင်းခြင်းလုပ်ငန်း၊ ကီယိုမန်း အားကစားကွင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းနှင့် ပြည်သူ့ဆေးရုံဝန်းအတွင်း တည်ဆောက်လျက်ရှိသည့် အောက်ဆီဂျင် စက်ရုံတည်ဆောက်မှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့သစ်မြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ပြုလုပ်ပေးလျက်ရှိ
Sep 05,2021
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် ၂၀၂၁ ခုနှစ်၊ မေ ၃ ရက်မှစတင်၍ ပန်းခင်းစီမံချက်ဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အခမဲ့ပြုလုပ် ပေးလျက် ရှိကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ သိရသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသော ဆွမ်းဆန်တော်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများမှ လှူဒါန်းသော ဆွမ်းဆန်တော်နှင့်ဆီ ဆက်ကပ်လှူဒါန်း
Sep 05,2021
ရခိုင်ပြည်နယ်၊ သံတွဲခရိုင် တောင်ကုတ်မြို့နယ်၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသော၊ ဆွမ်းဆန်တော်များနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများက စုပေါင်းလှူဒါန်းသော ဆွမ်းဆန်တော်နှင့် ဆီ ဆက်ကပ်လှူဒါန်းခြင်းကို ကိုဗစ်-၁၉ ကာလနှင့်အညီ လူစုလူဝေးဖြစ်ပေါ်မှု မရှိစေအတွက် မြို့ပေါ်ရပ်ကွက်ရှိ စာသင်တိုက်များအား သွားရောက်၍ မြို့နယ်စီံမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွေးနှင့် အဖွဲ့ဝင်များက ယမန်နေ့နံနက်(၈)နာရီအချိန်တွင် မြို့ပေါ်စာသင်တိုက်များသို့ သွားရောက်လှူဒါန်းခဲ့​ကြကြောင်း သိရသည်။
ရှားတောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ကျန်ရှိသော ပြည်သူများ အား ဆက်လက်ထိုးနှံပေး
Sep 05,2021
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ရှားတောမြို့နယ်တွင် ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံရန်ကျန်ရှိသော ပြည်သူများအား ဆက်လက်ထိုးနှံ ပေးခြင်းကို ယနေ့နံနက်တွင် ဆောင်ရွက်ခဲ့သည်။
ပုလဲမြို့နယ်တွင် ပထမအကြိမ်  ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharm)ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိ
Sep 05,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပုလဲရတနာခန်းမ၌ စက်တင်ဘာ ၄ရက်၊နံနက်၉နာရီက ပထမအကြိမ်  ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ( Sinopharm ) ထိုးနှံခဲ့သော အသက်(၆၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများ အပါအဝင် ဦးတည်အုပ်စုများအလိုက် သတ်မှတ် ထားရှိသူများအား   မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်  အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏  ကြီးကြပ်မှုဖြင့်  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ဒုတိယအကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မော်လိုက်-တွန်းပင်ကျေးရွာသွားလမ်းအား ကွန်ကရစ်လမ်းအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နေမှု တို့ကို ကြည့်ရှုစစ်ဆေး
Sep 05,2021
စစ်ကိုင်းတိုင်းဒေသကြီး၊မော်လိုက်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တူ ယမန်နေ့ နံနက် ပိုင်းက တိုင်းဒေသကြီး ငွေလုံငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် မော်လိုက်-တွန်းပင် ကျေးရွာသွားလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နေမှုတို့အား ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။