မဘိမ်းမြို့နယ်၌ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်

 

  

မဘိမ်း     စက်တင်ဘာ     ၄                                          

             

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်၌ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ အသက် ၈၅နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က သက်ကြီးဘိုးဘွားများထံ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ ပေးအပ် ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင်  မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာနှစ်၊ တတိယ သုံးလပတ်ဖြစ်သည့် ( ဧပြီ၊ မေ၊ ဇွန် )လများအတွက် တစ်လလျှင်ငွေကျပ် ၁ဝဝဝဝ နှုန်းဖြင့် သုံးလစာငွေကျပ် ၃ဝဝဝဝ ကို မဘိမ်းမြို့နယ်အတွင်းရှိ မြို့ပေါ် လေးရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၆ အုပ်စုရှိ ဘိုးဘွားပေါင်း ၁ဝ၁ ဦးအတွက် ငွေကျပ် ၃ဝ၃ဝဝဝဝ ကို မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦး စီးမှူး ဒေါ်မေအင်ကြင်းနှင့်ဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများက သက်ကြီးဘိုးဘွား များထံ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

              

  မျိုးမင်း