ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ပြည်နယ်အစိုးရအဖွဲ့မှ လူမှုရေးပင်စင်ထောက်ပံ့ခြင်း အခမ်းအနား သို့တက်ရောက်
Sep 05,2021
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ အရှေ့တောင်တိုင်းစစ်ဌာန ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီးဇော်မင်းအောင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်၊ ပြည်နယ်ရဲတပ်ဖွဲ့ ရဲမှူးကြီးခင်ဇော် (ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး)၊ ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးလွင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် များက ယမန်နေ့ ၁၁နာရီခွဲအချိန်တွင် ကမမောင်းမြို့အမှတ် (၄) ရပ်ကွက်ရှိ ကိုးနဝင်းဘုန်းတော်ကြီးကျောင်း ဓမ္မာရုံခန်းမ၌ ကျင်းပပြုလုပ်သော လူမှုရေး ပင်စင်ထောက်ပံခြင်း အခမ်းအနားသို့ တက်ရောက်၍ ဘိုးဘွားများအား ဂါရဝပြုအမှာစကား ပြောကြားခဲ့ပြီး အသက် (၈၅)နှစ်နှင့် အထက် ဘိုးဘွား (၁၇၁)ဦးအတွက် ထောက်ပံ့ငွေ (၅၁၃၀၀၀၀)ကျပ်ကို မြို့အုပ်ချုပ်ရေးမှူး ဦးသန်းကျော်သူထံပေးအပ်ခဲ့သည်။