သတင်းများ

ကျိန္တလီမြို့တွင် အသက်(၆၅)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိ
Sep 03,2021
ရခိုင်ပြည်နယ် ၊ သံတွဲခရိုင် ၊ ကျိန္တလီမြို့တွင် အသက်(၆၅)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံခြင်းကို ကျိန္တလီမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ စုရပ်တွင် ယနေ့ နံနက်(၉)နာရီအချိန်က ရှောက်ကုန်းကျေးရွာအုပ်စု ၊ စေတီကွင်းကျေးရွာအုပ်စုနှင့် တောင်ပတ်လည်ကျေးရွာအုပ်စုတို့အား တစ်ပြိုင်တည်း ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ဂွမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက် ထိုးနှံလျက်ရှိ
Sep 03,2021
ရခိုင်ပြည်နယ်၊  ဂွမြို့နယ်အတွင်းရှိ  ဒေသခံပြည်သူများအား  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ဒုတိယအကြိမ် တိုကင်စနစ်ဖြင့် ထိုးနှံပေးခြင်းကို  မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ကြီးကြပ်မှုဖြင့် စုရပ် နေရာ(၃)နေရာတို့တွင် ယနေ့နက်ပိုင်း၌ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကုန်းကြမ်းမြို့၌ ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပြီး
Sep 03,2021
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကုန်းကြမ်းမြို့၌ ဩဂုတ်လဆန်ပိုင်းက ပထမအကြိမ်ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခဲ့ပြီးဖြစ်ပါသည်။ ကုန်းကြမ်းမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးကို တရုတ် နိုင်ငံထုတ် Sinopharm အမျိုးအစား (၄၄၂)ရရှိခဲ့ခြင်းဖြစ်ကြောင်းလည်း ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး မြို့နယ်ကော်မတီထံက သိရှိရပါသည်။
ပွင့်ဖြူမြို့နယ် မဲဇလီဆည်အတွင်း ငါးသယံဇာတဖူလုံစေရေးအတွက် ငါးမျိုးစိတ်ကောင်ရေ(၂)သိန်း စိုက်ထည့်
Sep 03,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနက ပြည်သူများ ငါးသယံဇာတများ ရေရှည်စဉ်ဆက်မပြတ် ပေါကြွယ်ဝစေရန်၊ ငါးမျိုးပြုန်းတီးမှု လျော့ပါးစေရန်နှင့် ဒေသခံပြည်သူများ ငါးစားသုံးမှု ဖူလုံစေရန် ရည်ရွယ်၍  တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် ယနေ့ နံနက် ၈ နာရီခွဲက ပွင့်ဖြူမြို့နယ် မဲဇလီဆည်အတွင်း ငါးမျိုးစိတ်ကောင်ရေ(၂)သိန်းအား စိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ အသက်(၆၅)နှစ် နှင့် အထက်  ပြည်သူများအား ဒုတိယအကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ
Sep 03,2021
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ အသက်(၆၅)နှစ် နှင့် အထက် ပြည်သူများအား  ဒုတိယအကြိမ်အဖြစ် တရုတ် ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm အမျိုးအစား ကိုဗစ်-၁၉ ကာ ကွယ်ဆေးကို စက်တင်ဘာ ၃ ရက်နေ့ တွင်လည်း သတ်မှတ်နေရာများတွင် လူမျိုးဘာသာမရွေး ဆက်လက် ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍနှင့် နယ်စပ်ကုန်စည်စီးဆင်းမှု ဖွံဖြိုးတိုးတက်ရေး၊ ကိုဗစ်-၁၉ ကာကွယ်ရေး ထိန်းချုပ်ရေး လုပ်ငန်းများနှင့် ရေကူးအားကစားမြှင့်တင်နိုင်ရေး ကွင်းဆင်းဆောင်ရွက်
Sep 03,2021
ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်းရှိ စိုက်ပျိုးရေးကဏ္ဍဖွံဖြိုး တိုးတက်လာ စေရေးနှင့် စိုက်ပျိုး‌ရေးထုတ်ကုန်များနှင့် ပတ်သက်၍ နယ်စပ် ကုန်စည်စီးဆင်းမှုများ တိုးမြှင့် ဆောင်ရွက်နိုင်ရေး၊ စေတနာ့ဝန်ထမ်း အသင်းအဖွဲများထံ ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းတိုကို ယမန်နေ့က ဆောင်ရွက်ခဲ့သည်။
ဗန်းမောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးထားသည့် မိဘပြည်သူများအား ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးမည်
Sep 03,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးထားသည့် မိဘပြည်သူများအား စက်တင်ဘာလ ၄ ရက် နံနက် ၉ နာရီတွင် မြို့တော်ခန်းမ၌ ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
သရက်မြို့၌ ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ဆက်လက် ထိုးနှံပေး
Sep 03,2021
မကွေးတိုင်းဒေသကြီး သရက်မြို့ရှိ သတ်မှတ်နေရာများ၌ ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိရာ ရွှေသက်လွတ်ဘုရာဝန်းအတွင်းရှိ သာသနာ့ဗိမာန်တော်၌ ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ယနေ့ နံနက်(၉)နာရီက ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများမှ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။