ဆိပ်ဖြူမြို့နယ်၌ ချစ်ချောင်းရေတိုက်စားခြင်းကြောင့် လျှပ်စစ်မီးတိုင်များ ယိုင်လဲ၍ လျှပ်စစ်ဓာတ်အားပြတ်တောက်ခဲ့သည့် ဒေါသာကျေးရွာပြည်သူများအတွက် လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိရေး ဆောင်ရွက်ပေး

ဆိပ်ဖြူ   စက်တင်ဘာ  ၄

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် စက်တင်ဘာလ၂ ရက်နေ့နံနက်အစောပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ဆိပ်ဖြူမြို့မှ ဒေါသာကျေးရွာသို့သွယ်တန်းထားသည့်  11 kv ဓာတ်အားလိုင်းသည် ဆင်နီတောင်ကျေးရွာနှင့် ဒေါသာကျေးရွာအကြားရှိ ချစ်ချောင်း ရေတိုက်စားခြင်းကြောင့် လျှပ်စစ်ဓာတ်အားပို့လွှတ်သည့် ဓာတ်အားတိုင်များ လဲပြို၍ ဒေါသာ ကျေးရွာပြည်သူများ လျှပ်စစ်ဓာတ်အားပြတ်တောက်ခြင်းဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။

အဆိုပါမိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ဆိပ်ဖြူ - ချောင်းမကြီး -အရှေ့ကံတွင်း ကျေးလက်ဖွံ့ဖြိုးရေးလမ်းပေါ်ရှိ ချောင်းမကြီး ကျေးရွာနှင့် မယ်ဇလီကွေ့ကျေးရွာကြားရှိ ကွန်ကရစ်ရေကျော်တစ်ခု၊ ဆင်နီတောင်ကျေးရွာနှင့် ဒေါသာကျေးရွာကြား ချစ်ချောင်း ကွန်ကရစ်ရေကျော် များ ရေတိုက်စားပြီး ဆင်နီတောင်ကျေးရွာနှင့် ဒေါသာကျေးရွာအကြား လျှပ်စစ်ဓာတ်အားပို့လွှတ်ထားသည့်11 kv ဓာတ်အားလိုင်း ဓာတ်အားတိုင်များ လဲပြိုခဲ့ပြီး ဒေါသာကျေးရွာနေ ဒေသခံပြည်သူများ လျှပ်စစ်ဓာတ်အားပြန်လည်ရရှိနိုင်ရေးအတွက် ဆိပ်ဖြူမြို့နယ် လျှပ်စစ်မှူး ဦးစန်းဦးနှင့် ဝန်ထမ်းများ ကျေးရွာမီးလင်းရေး ကော်မတီဝင်များ ဒေသခံပြည်သူများက ချစ်ချောင်းရေပြန်လျော့ကျသွားချိန် စက်တင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ ချစ်ချောင်အတွင်း ယိုင်လဲနေသည့် ဓာတ်တိုင်များအား ပြန်လည်ပြုပြင်ဆောင်ရွက်ပေးပြီး ယနေ့ မွန်းလွဲပိုင်းအချိန်တွင် ဒေါသာကျေးရွာပြည်သူများ အတွက် လျှပ်စစ်ဓာတ်အားများပြန်လည် ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း ၊ ဆိပ်ဖြူ -ချောင်းမကြီး -အရှေ့ကံတွင်းကျေးလက်ဖွံ့ဖြိုးရေးလမ်းပေါ်ရှိ ချစ်ချောင်းရေကျော်နှင့် မယ်ဇလီကွေ့ ရေကျော်များထိခိုက်ပျက်စီးမှုကို သက်ဆိုင်ရာကျေးလက်လမ်းဦးစီးဌာနမှ ကွင်းဆင်း၍ ဒေသခံပြည်သူများ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့စေရန် ရှောင်ကွင်းလမ်းများကို ဒေသခံပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရသည်။

ကိုဇွဲ    (အညာမြေ)