လူထုအခြေပြုကုသရေးနှင့် စောင့်ရှောက်ရေး၊ ဆေးဘက်ဆိုင်ရာကုသမှုနှင့် ဆေးဝါးကုထုံးသင် တန်းဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအည်းအဝေးကျင်းပ

 

မန္တလေး စက်တင်ဘာ

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး United Nations Office Drugs and Crime (UNODC)နှင့် မြန်မာနိုင်ငံစေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးအသင်း(ဗဟို)တို့ ပူးပေါင်း၍ လူထုအခြေပြုကုသရေးနှင့်စောင့်ရှောက်ရေး၊ ဆေးဘက်ဆိုင်ရာကုသမှုနှင့် ဆေးဝါးကုထုံးသင်တန်းဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက မင်းတဲအီကင်းရပ်ကွက်၊ အကွက်(၁၀၉) ရှိ စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးအသင်း(ဗဟို)ရုံး၌ ကျင်းပသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံစေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးအသင်း (ဗဟို)ဥက္ကဋ္ဌ ဦးဝင်းမြင့်က သင်တန်းအားအောင်မြင်စွာ ဖွင့်လှစ်သွားနိုင်ရေးအတွက် စီမံဆောင်ရွက်ထားရှိ သည့်လုပ်ငန်းအစီအစဉ်များကို ဦးစွာရှင်းလင်းဆွေးနွေးပြောကြားသည်။

ထို့နောက် သင်တန်းတက်ရောက်ကြမည့်သူများက သင်တန်းနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ဥက္ကဋ္ဌက ပြန်လည် ရှင်းလင်းဖြေကြားသည်။

သင်တန်းတက်ရောက်မည့် သင်တန်းသားများအနေဖြင့် ၎င်းတို့၏နေအိမ်များမှတဆင့် ဗွီဒီယို ကွန်ဗန်းရှင်းစနစ်ဖြင့် သင်တန်း တက်ရောက်ရမည်ဖြစ်ပြီး သင်တန်းအား ၂၀၂၁ခုနှစ် စက်တင် ဘာ ၆ ရက်မှ စက်တင်ဘာ၉ရက်နေ့ထိ ()ရက်ကြာ ဖွင့်လှစ်သင်ကြား သွားမည်ဖြစ်သည်။

အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံစေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးအသင်း(ဗဟို) ဥက္ကဋ္ဌဦးဝင်းမြင့်၊ ဒုတိယဥက္ကဋ္ဌ ဦးအုန်းရွှေ၊ အတွင်းရေးမှူးဦးမြင့်သန်းနှင့် ဗဟိုအလုပ်အမှု ဆောင်များ၊ သင်တန်းတက်ရောက်မည့်သူများ တက်ရောက်ခဲ့ကြောင်းသိရသည်။

ဇော်လင်းဦး