ရန်ကုန်မြို့တော်ဝန် ဒလမြို့နယ်ရှိ အောက်ဆီဂျင်ထုတ်စက် လည်ပတ်ဖြန့်ဖြူးပေးနေမှု လုပ်ငန်းများကြည့်ရှုစစ်ဆေး
Sep 04,2021
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဌ မြို့တော်ဝန် ဦးဗိုလ်ဌေးသည် ဒုတိယဥက္ကဋ္ဌ ဒုတိယမြို့တော်ဝန် ဦးညီညီ၊ ကော်မတီဝင်များနှင့် တာဝန်ရှိသူများသည် ယနေ့မွန်းလွဲ ၁ နာရီက ဒလမြို့နယ်ရှိ အောက်ဆီဂျင်ထုတ်စက်ရုံ၌ အောက်ဆီဂျင်ထုတ် စက်တပ်ဆင်ပြီးစီး၍ စတင်လည်ပတ် ဖြန့်ဖြူးပေးနေမှုနှင့် ကျန်စစ်သားရပ်ကွက်ရှိ နောက်ဆုံးစွန့်ပစ်အမှိုက်ပုံတွင် စွန့်ပစ်အမှိုက်များ သိမ်းဆည်းရှင်းလင်းနေမှု၊ ရေဆိုးစွန့်ပစ်ပိုက်လိုင်းများ ထားရှိဆောင်ရွက်မှု လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။