ဟိုပုံးမြို့နယ်တွင် ဟိုပုံးကိုရင်လေးကျောင်းဝန်းနှင့် ဟိုတိကျေးရွာအား Local Semi-Lock Down သတ်မှတ်ထား

ဟိုပုံး စက်တင်ဘာ ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ စငေါကျေးရွာအုပ်စု၊ ဟိုတိကျေးရွာ နှင့် ဟိုပုံးကိုရင်လေးကျောင်းဝန်းနေရာတို့တွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပြန့်နှံ့မှုမရှိ စေရေးအတွက် Local Semi-Lock Down သတ်မှတ်ခြင်းကို  အမိန့်အမှတ် (၁/၂၀၂၁)အရ စက်တင်ဘာလ(၃)ရက်နေ့တွင် ထုတ်ပြန်ထားကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးကော်မတီအနေဖြင့် စက်တင်ဘာလ(၃)ရက် အစည်းအဝေးဆုံးဖြတ်ချက်အရ ဟိုတိကျေးရွာနှင့် ဟိုပုံး ကိုရင်လေးကျောင်းဝန်း နေရာတို့အား Local Semi-Lock Down နေရာအဖြစ်သတ်မှတ်ကြောင်းနှင့် ၎င်းဧရိယာအတွင်းနေထိုင်သူ များသည် စက်တင်ဘာလ (၃.၉.၂၀၂၁)ရက်နေ့မှ စက်တင်ဘာလ (၂၃.၉.၂၀၂၁)ရက်နေ့အထိ သတ်မှတ် စည်းကမ်းချက်များနှင့်အညီ လိုက်နာနေထိုင်သွားရမည် ဖြစ်ကြောင်းသိရသည်။

ဟိုပုံးခရိုင်(ပြန်/ဆက်)