ဆားလင်းကြီး စက်တင်ဘာ ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့တွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀နာရီ ၃၀ မိနစ် အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ငွေသာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အစည်းအဝေးတွင် ရှေးဦးစွာ ဆားလင်းကြီး မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းကိုက ဆွေးနွေး ပြောကြားရာတွင် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ဦးစားပေးအုပ်စုအလိုက် ပထမအကြိမ် ကိုဗစ်-၁၉ကာကွယ်ဆေး Sinophram ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ထိုးနှံပေးနိုင်ရန်အတွက် ကိုဗစ်-၁၉ကာကွယ်ဆေး Sinophramကို ဆေးတစ်လုံလျှင် (၅)ဦးနှုန်းထိုးနှံနိုင်သည့် ကာကွယ်ဆေးအလုံးရေ(၁၂၂၀)လုံးနှင့် ဆေးတစ်လုံးလျှင် တစ်ဦးနှုန် ထိုးနှံနိုင်သည့် ကာကွယ်ဆေး(၄)လုံး စုစုပေါင်း လူဦးရေ(၆၁၀၄)ဦး စာအတွက် ဆေးများ ထပ်မံရောက်ရှိနေပြီဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးစုရပ်များအဖြစ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာရှိ OSSခန်းမ၊ ဆားလင်းကြီး(အထက)ရှိ ပန်းမြတ်သဇင်ခန်းမ၊ ကျားတက်(အထက) တို့တွင် စက်တင်ဘာ ၅ရက်နေ့မှစတင်၍ ထိုးနှံပေးသွားရန် လျာထားကြောင်း၊ ကော်မတီဝင်များအနေဖြင့် မိမိတို့တာဝန်ကျ စုရပ်များတွင် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း များအား မပျက်မကွက် ကြီးကြပ်ဆောင်ရွက်သွားကြရန်၊ မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လုပ်ငန်းများအောင်မြင်ရေးနှင့် ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများ ပိုမိုထိရောက် အောင်မြင်ရေးအတွက် ကော်မတီဝင်အားလုံးက အလေးထား ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် ပြောကြားခဲ့သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေး မှူးများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
ဥမ္မာခိုင်