တာလေ စက်တင်ဘာ ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မိုင်းလင်းအနောက် ကျေးရွာအုပ်စု၊ တော်ကော့းရွာတွင်းလမ်း ကွန်ကရစ်ခင်း ခြင်းကို ဩဂုတ် ၆ ရက်က စတင်ခဲ့ပြီး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
“ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းများကို ကဏ္ဍအလိုက် လျာထားဆောင်ရွက်လျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ဒေသခံပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် မိုင်းလင်း အနောက်ကျေးရွာအုပ်စု တော်ကော့ရွာတွင်းလမ်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်(သိန်းတစ်ရာ)ဖြင့် လမ်းအရှည် ၁၀၀၀ ပေ၊ အကျယ် ၁၂ ပေ ၊ ထု ၆ လက်မရှိသည့် ကွန်ကရစ်လမ်းခင်းခြင်းကို ”ဆောင်ရွက်နေခြင်း ဖြစ်သည်။
အဆိုပါ “ တော်ကော့ရွာတွင်းလမ်း ကွန်ကရစ်လမ်းခင်းခြင်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် တာဝန်ရှိသူများ ကအနီးကပ်ကြီးကြပ်ကာ ဩဂုတ်လ ၆ ရက်က လုပ်ငန်းစတင်ခဲ့ပြီး ကွန်ကရစ် လမ်းကို အတိုင်းအတာနှင့် သတ်မှတ်စံချိန်စံညွှန်းများ အရည်အသွေးပြည့်မီစွာ ဆောင်ရွက်နိုင်ရေး၊ သတ်မှတ်ကာလအတွင်း လုပ်ငန်းပြီးစီး ရေးတို့အတွက် ဒေသခံကျေးရွာနေပြည်သူများ၏ လုပ်အားဒါန စုပေါင်းပါဝင်မှုနှင့်အတူ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက် လျက်ရှိ ကြောင်း” မိုင်းလင်းအနောက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုင်းရီတစ်ထံမှ သိရသည်။
အောင်ကျော်မိုး