ပြင်စလူ စက်တင်ဘာ ၄
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် ပထမအကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm အမျိုးအစား ထိုးနှံထားသူများကို ဒုတိယအကြိမ်၊ တတိယ နေ့ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီ၌ ပြင်စလူမြို့၊ အမှတ် (၃)ရပ် ကွက် ရှိ မြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနခန်းမတွင် ကျန်ရှိနေသည့်မိဘပြည်သူများ အားဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရာတွင် ပြင်စလူမြို့ ကျန်းမာရေးဦးစီးဌာနမှတာဝန် ရှိသူများက ဒုတိယအကြိမ် ၊ တတိယနေ့အဖြစ် အသက် (၆၅)နှစ် နှင့်အထက် ထိုးနှံပေးရန် ကျန်ရှိနေသော သက်ကြီးရွယ်အိုဒေသခံပြည်သူများ၊ ဆရာတော်သံဃာတော်များ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာတွင် ကျန်ရှိမှုမရှိစေရန် စိစစ်၍ဆက်လက်ထိုးနှံ ဆောင်ရွက်ပေး လျက်ရှိသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရာတွင် ပြင်စလူမြို့၊မြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးရဲဝင့်ထွန်းနှင့် မြို့အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ကာကွယ်ဆေးထိုးကြီးကြပ်ရေးအဖွဲ့ဝင်များ၊ Volunteer/ ပရဟိတများ နှင့်ရပ်ကွက် အုပ်ချုပ်ရေး မှူးများက ကာကွယ်ဆေးထိုးနှံရာသို့ ရောက်ရှိလာသည့် မိဘပြည်သူများအဆင်ပြေစွာ ထိုးနှံ နိုင်ရေးကူညီဆောင်ရွက်ပေးနေကြောင်း သိရသည်။ ယနေ့တွင် ပြင်စလူမြို့ ပေါ်ရှိ ရပ်ကွက်(၃) ရပ်ကွက်နှင့် ကျေးရွာအုပ်စုများဖြစ်သော ကုန်းကြီးကျေးရွာ၊ တယ်ပင်ကိုင်း ကျေးရွာ၊ ရေတွင်းဆိပ်ကျေးရွာ ၊ သစ်ပုတ်ကျေးရွာနှင့် ဓနိဆိပ်ကျေးရွာတို့မှ အသက် (၆၅) နှစ်နှင့်အထက် ကျန်ရှိနေသော မိဘပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီး ဌာန၏ လမ်းညွန်ချက်များအတိုင်း ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ယခုထိုးနှံပေးလျက်ရှိသော ကာကွယ်ဆေးမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ် သော Sinopharm အမျိုးအစားဖြစ်ပြီး ပြင်စလူမြို့တွင် ဒုတိယအကြိမ် လူဦးရေ (၅၀၀)ဦး အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး များကိုထိုးနှံဆောင်ရွက်လျက်ရှိသည်။ ပြင်စလူမြို့သ ည်ရေလမ်း ခရီးကိုသာအား ကိုးပြီးစက်တပ်လှေများဖြင့် သွားလာရ ခြင်းများကြောင့် အချို့ရွာ များရှိ ဒေသခံကျေးရွာပြည်သူများ ကျန်ရှိမှုမရှိစေရေးအတွက်(၃) ရက်ကြာကာကွယ်ဆေးများ ထိုးနှံပေးကြောင်း သိရသည်။
ဇော်ဝင်းထွန်း