သတင်းများ

အင်တောမြို့ အမှတ်(၆)လမ်း ကွန်ကရစ်လမ်းခင်းခြင်း ရာနှုန်းပြည့်ပြီးစီး
Sep 05,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အင်တောမြို့ ရက်ကွက်အတွင်းရှိ လမ်းများဖွံ့ဖြိုးတိုးတက်ရေးနှင့် အများပြည်သူများ အဆင်ပြေချောမွေ့စွာဖြင့် အသုံးပြုသွားလာနိုင်ရေးအတွက် လုပ်ငန်းများ ဘဏ္ဍာနှစ် အလိုက် ဆောင်ရွက်လျက်ရှိရာ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်အတွင်း မြို့နယ်ခွဲ စည်ပင်သာယာရေး ဌာနမှ ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန၏ အထွေထွေပိုလျှံရန်ပုံငွေ (GRF)ဖြင့် ဆောင်ရွက်သည့် အမှတ်(၆)လမ်း ကွန်ကရစ်ခင်းခြင်းအား ဩဂုတ်လ ပထမပတ်မှ စတင်ဆောင်ရွက်ခဲ့ရာ စက်တင်ဘာပထမပတ်၌ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
နမ္မတူတွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေး
Sep 05,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းရှိ ပညာရောင်ခြည်ခန်းမ၌ ယမန်နေ့နံနက် (၈)နာရီအချိန်ခန့်ကစတင်ကာ ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး များ ဆက်လက်ထိုးနှံပေးလျက် ရှိသည်။
မောက်မယ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိ
Sep 05,2021
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း ရောဂါဆက်လက် ပြန့်ပွားမှု မရှိစေရေးနှင့် ပိုမိုထိန်းချုပ်ကင်းစင်ပပျောက်နိုင်ရေးအတွက် အသက် ၆၅ နှစ်အထက်နှင့် ပြည်သူများ အားလုံးကို ယမန် နေ့နံနက်ပိုင်း၁၀နာရီမှစ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ပထမအကြိမ် ထိုးနှံပြီးပြည်သူများအား  ယခင်စုရပ်ဖြစ်သည့် ဟိုနမ့်တိုက်နယ်ဆေးရုံ ကာကွယ်ဆေးထိုးစုရပ် တွင် ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးခဲ့‌ကြောင်း သိရှိရသည်။
မာန်အောင်မြို့၌ အသက်(၆၅)နှစ်နှင့်အထက်  ပြည်သူများအား ဒုတိယအကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Sep 05,2021
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့၌ အသက်(၆၅)နှစ် နှင့် အထက်ဘိုးဘွားများအား ဒုတိယအကြိမ်အဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm အမျိုးအစား ကိုဗစ်-၁၉ ကာ ကွယ်ဆေးကို ပထမအကြိမ်ထိုးနှံပြီးသည့် မြို့ပေါ်(၅)ရပ်ကွက်မှဆေးထိုးသတ်မှတ်ရက်ပြည့်သူ ဘိုးဘွား(၁၂၀) ဦးအား မြို့နယ် ပြည်သူ့ဆေးရုံဟောင်းနေရာ၌ ယမန်နေ့ နံနက် ၁၀နာရီမှ နေ့လယ် ၁၂နာရီထိ၊ မွန်းလွဲ၁နာရီမှ ညနေ ၄ နာရီထိ အချိန်သတ်မှတ်ကာ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ်တွင် အသက်(၆၅) နှစ်နှင့် အထက်အဘိုးအဘွားများအားကိုဗစ် - ၁၉ရောဂါကာကွာ ဆေးဒုတိယအကြိမ် ထိုးနှံပြီးသူ (၅၅၇) ဦးထိုးနှံပြီးဖြစ်
Sep 05,2021
မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင် ၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ရပ်ကွက် / ကျေးရွာများမှ ဦးစားပေး အဆင့် အလိုက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့အထိ အသက်(၆၅)နှစ် နှင့်အထက် အဘိုးအဘွား (၅၅၇) ဦး ထိုးနှံပေးပြီးဖြစ်ကြောင်းသိရသည်။
ဆိပ်ဖြူမြိုနယ်၌ ချစ်ချောင်းရေတိုက်စားခြင်းကြောင့် လျှပ်စစ်မီးတိုင်များ ယိုင်လဲ၍ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့သဖြင့် လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိရေးဆောင်ရွက်
Sep 05,2021
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် စက်တင်ဘာလ ၂ ရက်နေ့ နံနက်အစောပိုင်းက မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ဆိပ်ဖြူမြို့မှ ဒေါသာ ကျေးရွာသို့ သွယ်တန်းထားသည့် 11 kv ဓာတ်အားလိုင်းသည် ဆင်နီတောင်ကျေးရွာနှင့် ဒေါသာကျေးရွာကြားရှိ ချစ်ချောင်း ရေတိုက်စားခြင်း ကြောင့် လျှပ်စစ်ဓာတ်အားပို့လွှတ်သည့် ဓာတ်အားတိုင်များ လဲပြို၍ ဒေါသာကျေးရွာ၌ လျှပ်စစ်ဓာတ်အားပြတ်တောက်ခြင်းဖြစ်ပေါ်ခဲ့သည်။
ဟိုပုံးမြို့နယ်တွင် ဟိုပုံးကိုရင်လေးကျောင်းဝန်းနှင့် ဟိုတိကျေးရွာအား Local Semi-Lock Down သတ်မှတ်ထား
Sep 05,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ စငေါကျေးရွာအုပ်စု၊ ဟိုတိကျေးရွာ နှင့် ဟိုပုံးကိုရင်လေးကျောင်းဝန်းနေရာတို့တွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပြန့်နှံ့မှုမရှိ စေရေးအတွက် Local Semi-Lock Down သတ်မှတ်ခြင်းကို အမိန့်အမှတ် (၁/၂၀၂၁)အရ စက်တင်ဘာလ(၃)ရက်နေ့တွင် ထုတ်ပြန်ထားကြောင်းသိရသည်။
တာလေမြို့၌ ကျေးလက်ဒေသဖွံ့ဖြိုးရေး ကျေးရွာအတွင်း ကွန်ကရစ်လမ်းခင်းခြင်းဆောင်ရွက်
Sep 04,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မိုင်းလင်းအနောက် ကျေးရွာအုပ်စု၊‌ တော်ကော့းရွာတွင်းလမ်း ကွန်ကရစ်ခင်း ခြင်းကို ဩဂုတ် ၆ ရက်က စတင်ခဲ့ပြီး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။