အင်တောမြို့ အမှတ်(၆)လမ်း ကွန်ကရစ်လမ်းခင်းခြင်း ရာနှုန်းပြည့်ပြီးစီး

အင်တော စက်တင်ဘာ ၅

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အင်တောမြို့ ရက်ကွက်အတွင်းရှိ လမ်းများဖွံ့ဖြိုးတိုးတက်ရေးနှင့် အများပြည်သူများ အဆင်ပြေချောမွေ့စွာဖြင့် အသုံးပြုသွားလာနိုင်ရေးအတွက် လုပ်ငန်းများ ဘဏ္ဍာနှစ် အလိုက် ဆောင်ရွက်လျက်ရှိရာ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်အတွင်း မြို့နယ်ခွဲ စည်ပင်သာယာရေး ဌာနမှ ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန၏ အထွေထွေပိုလျှံရန်ပုံငွေ (GRF)ဖြင့် ဆောင်ရွက်သည့် အမှတ်(၆)လမ်း ကွန်ကရစ်ခင်းခြင်းအား ဩဂုတ်လ ပထမပတ်မှ စတင်ဆောင်ရွက်ခဲ့ရာ စက်တင်ဘာပထမပတ်၌ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်အတွင်း အင်တောမြို့နယ်ခွဲစည်ပင်သာရေးဌာနက ရှမ်းပြည်နယ် အထွေထွေပိုလျှံ ရန်ပုံငွေ(GRF)မှ ငွေကျပ် ၃၅၉ သိန်းဖြင့် လမ်းအရှည် (၁၅၀၀)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၆)လက်မရှိသည့် အမှတ်(၃)နှင့်အမှတ်(၄)ရပ်ကွက် ရှိ အမှတ်(၆)လမ်း ကွန်ကရစ်ခင်းခြင်းအား ဆောင်ရွက်ခဲ့ရာ စက်တင်ဘာလ ပထမပတ်တွင် ၁၀၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ခွဲစည်ပင်သာယာရေးဌာနမှ သိရသည်။

 

အောင်ခိုင်(အင်တော ပြန်/ဆက်)