ကျိုက်မရောမြို့နယ်သို့ အောက်ဆီဂျင်စက် ရောက်ရှိ
Sep 05,2021
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ကိုဗစ်- ၁၉ရောဂါကာကွယ်ထိန်းချုပ် ကုသနိုင်ရေး အတွက် ကိုဗစ်-၁၉ရောဂါဝေဒနာရှင်များနှင့် အောက်ဆီဂျင် လိုအပ်သည့် အရေးပေါ်လူနာများအတွက် ကျန်းမာရေး စောင့်ရှောက်မှု အဆင်ပြေစေရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ် ကိုဗစ် ၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာများ စေတနာရှင် အလှူရှင်များစုပေါင်း၍ Oxygen Plantစက်ရုံ အား ၂၅ပေ×၆၀ ပေကျယ်ဝန်းသော မြေပေါ်တွင် ၂၅ပေ၊၃၀ ပေရှိအဆောက်အဦ အားစက်တင်ဘာ၁ရက်နေ့က စတင်တည်ဆောက် လျက်ရှိပြီး၊ ယမန်နေ့ညနေ၃နာရီက တစ်ရက်လျှင်၄၀လီတာ ဆံ့အောက်ဆီဂျင် အိုးအလုံးရေ(၆၀)ခန့် ထွက်ရှိမည့် စက်ရောက်ရှိလာသဖြင့် တပ်ဆင်ရန်ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။