စဉ့်ကိုင် စက်တင်ဘာ ၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ရပ်ကွက် / ကျေးရွာများမှ ဦးစားပေး အဆင့်အလိုက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့အထိ အသက်(၆၅) နှစ် နှင့်အထက် အဘိုးအဘွား (၅၅၇) ဦး ထိုးနှံပေးပြီးဖြစ်ကြောင်းသိရသည်။
ထိုသို့ ကာကွယ်ဆေးများထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုမြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာသိမ့်အိသူ (ပြည်သူ့ကျန်းမာ) နှင့် ကျန်းမာရေး၀န်ထမ်းများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ၀န်ထမ်းများ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၀င်များ၊ ပရဟိတအသင်းအဖွဲ့၀င်များ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ဒုတိယအကြိမ် ကာကွယ် ဆေးထိုးနှံပေးခဲ့ကြောင်းသိရသည်။
စဉ့်ကိုင်မြို့နယ်အတွင်း ကိုဗစ်-၁၉ကူးစက်ရောဂါကူးစက် ပြန့်ပွားမှုမဖြစ်စေရေး၊ ကြိုတင်ကာကွယ် နိုင်စေရန်နှင့် ရောဂါကူးစက်မှုလျော့နည်းစေရေးအတွက် သက်ဆိုင်ရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ ရပ်ကွက် /ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပရဟိတအဖွဲ့၀င်များနှင့် ပူးပေါင်းပြီး ပြည်သူများလိုက်နာစေရန်၊ အသံချဲ့စက်များ၊ Hand Spaker ဖြင့် လှည့်လည်ပြီး အသိပညာ ပေးနှိုးဆော်ခြင်း၊ ရပ်ကွက် / ကျေးရွာများ အတွင်း ပိုးသတ်ဆေးများဖြန်းပေးခြင်း၊ ဒေသန္တာရ စည်းကမ်း ချက်များ၊ ကျန်းမာရေး၀န်ကြီးဌာန က ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာမှု ရှိ / မရှိ စစ်ဆေးခြင်း အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရသည်။
ညိုညို၀င်း(စဉ့်ကိုင်)