မောက်မယ် စက်တင်ဘာ ၅
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း ရောဂါဆက်လက် ပြန့်ပွားမှု မရှိစေရေးနှင့် ပိုမိုထိန်းချုပ်ကင်းစင်ပပျောက်နိုင်ရေးအတွက် အသက် ၆၅ နှစ်အထက်နှင့် ပြည်သူများ အားလုံးကို ယမန် နေ့နံနက်ပိုင်း၁၀နာရီမှစ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ပထမအကြိမ် ထိုးနှံပြီးပြည်သူများအား ယခင်စုရပ်ဖြစ်သည့် ဟိုနမ့်တိုက်နယ်ဆေးရုံ ကာကွယ်ဆေးထိုးစုရပ် တွင် ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးလုပ်ငန်းဆောင်ရွက်ရာသို့ လင်းခေးခရိုင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှုးနှင့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တို့က ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ဟိုနမ့် Quarantine Centre တွင် ဝင်ရောက်နေသော ပြည်သူများအား အစားအသောက်အဆင်ပြေစေရေးအတွက် ထောက်ပံ့မှု ပစ္စည်းများ သွားရောက်ပေးအပ်ခဲ့ကြောင်းသိရသည်။
ကာကွယ်ဆေးထိုးလုပ်ငန်းတွင် ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများ ၊ မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှတာဝန်ရှိသူများ တို့က လက်သန့်ဆေးရည်ဖြင့် လက်ဆေးစေခြင်း ၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်းနှင့် စာရင်းသွင်းခြင်း တို့ကို ဆောင်ရွက်ပေးပြီး COVID-19 ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံသည့် စုရပ်တွင် သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဟိုနမ့် Quarantine Centre တွင်ဝင်ရောက်နေသောပြည်သူများ အား အစားအသောက်အဆင်ပြေစေရေး အတွက် လင်းခေးခရိုင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး မှ ဟိုနမ့်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ထံသို့ ယမ်ယမ်ခေါက်ဆွဲ(၂)ဖာ၊ ကြက်ဥ(၁၀၀)လုံးနှင့် ဆန်(၂)အိတ်တို့အား ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့် (မောက်မယ်ပြန်/ဆက်)