မာန်အောင် စက်တင်ဘာ ၅
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့၌ အသက်(၆၅)နှစ် နှင့် အထက်ဘိုးဘွားများအား ဒုတိယအကြိမ်အဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm အမျိုးအစား ကိုဗစ်-၁၉ ကာ ကွယ်ဆေးကို ပထမအကြိမ်ထိုးနှံပြီးသည့် မြို့ပေါ်(၅)ရပ်ကွက်မှဆေးထိုးသတ်မှတ်ရက်ပြည့်သူ ဘိုးဘွား(၁၂၀) ဦးအား မြို့နယ် ပြည်သူ့ဆေးရုံဟောင်းနေရာ၌ ယမန်နေ့ နံနက် ၁၀နာရီမှ နေ့လယ် ၁၂နာရီထိ၊ မွန်းလွဲ၁နာရီမှ ညနေ ၄ နာရီထိ အချိန်သတ်မှတ်ကာ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေး ထိုးနှံရန် လာရောက်သူ ဘိုးဘွားများအား မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန မှဝန်ထမ်းများက နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေးခြင်း၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက စာရင်းများ မှတ်တမ်းယူခြင်း၊ မီးသတ် တပ်ဖွဲ့ဝင်များ နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက ဘိုးဘွားများအား ဆေးထိုးနှံရာ နေရာများသို့ ရောက်ရှိအောင် ကူညီဆောင်ရွက်ပေးခြင်း၊ ကျန်းမာရေးဝန်ထမ်းများအားက လာရောက် ထိုးနှံလာသည့် ဘိုးဘွားများ အား ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာ ပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများ စနစ်တကျ ဆောင်ရွက်ပေးကာ ပုံမှန် အခြေအနေရှိမှသာ ကာကွယ်ဆေး ထိုးနှံပေးပြီး ထိုးနှံပြီး သည့် သူများအား မိနစ် ၃၀ ခန့်အနား ယူစေကာကျန်းမာရေး စောင့်ရှောက်မှုပေးလျက်ရှိသည်။
ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လာရောက် ကြည့်ရှု အားပေးပြီး ပေါင်းစပ်ဆောင်ရွက်ပေးကြသည်။
မာန်အောင်မြို့နယ်တွင် ကာကွယ်ဆေး ထိုးနှံနိုင်ရန်အတွက်ခွဲတမ်းရရှိသည့် ကာကွယ်ဆေး အရေအတွက်မှာ (၄၀၀) လုံးဖြစ်ပြီး ကာကွယ်ဆေးတစ်လုံးကို လူငါးဦးထိ ထိုးနှံပေးနိုင်ခြင်းဖြစ်ကြောင်း၊ ပထမအကြိမ် ထိုးနှံပြီးသူ (၁၉၉၈)ဦးကို တစ်ဦးမကျန် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သိန်းဖေ(ပြန်/ဆက်)