သတင်းများ

ဝါးခယ်မမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေး
Sep 14,2021
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးကျော်စိုးမှကြီးကြပ်၍ ဝန်ထမ်းများက ယနေ့ နံနက် ၁၀ နာရီက မဲဇလီကျေးရွာရှိ ပြည်သူများအား အဆိုပါရုံးတွင်လူဦးရေစာရင်းနှင့် နိုင်ငံသား စီစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရေဖြူမြို့နယ်၊ ဖောင်းတောရွာကျောင်းတိုက်များရှိ သံဃာတော်များနှင် လူပုဂ္ဂိုလ်များအား ကိုဗစ်-၁၉ရောဂါကွင်းဆက်ပြတ်စေရန် မိုဘိုင်းစနစ်ဖြင့် ကွင်းဆင်းစစ်ဆေးပေးရာ စုစုပေါင်း (၁၀)ဦးပိုးတွေ့
Sep 14,2021
တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကွင်း ဆက်ဖြတ်တောက် ထိန်းချုပ်နိုင်ရေးအတွက် ဖောင်းတော‌​​ကျေးရွာကျောင်းတိုက်များရှိ သံဃာတော်များနှင့်‌ လူပုဂ္ဂိုလ်တို့ အား Mobile Test Kit Teamအဖွဲ့က RDT Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီ က မြို့နယ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီ၏ ဦးဆောင် မှုဖြင့် ကွင်းဆင်းစစ်ဆေးပေးခဲ့ကြောင်းသိရသည်။
မဟာအောင်မြေမြို့နယ်တွင် သံဃာတော်များ Covid-19 ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေး
Sep 14,2021
သံဃာတော်များအား Covid-19 ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို စက်တင်ဘာ ၁၄ရက်နေ့ နံနက် ၉နာရီက မန္တလေး၊ မဟာအောင်‌မြေမြို့နယ်၊ ချမ်းမြသာစည် မြောက်ရပ်ကွက်ရှိ မိုးထားကျောင်းတိုက် "ပရိယတ္တိသာသနဗိမာန်" တွင် ပြုလုပ်ခဲ့သည်။
ဧရာဝတီတိုင်းစီမံအုပ်ချုပ်ရေးကောင်စီမှ လေးမျက်နှာမြို့နယ် ကိုဗစ်စင်တာများရှိ ကိုဗစ်လူနာများအား နေ့လည်စာအဟာရလှူဒါန်း
Sep 14,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ကိုဗစ်-၁၉ (Positive) လူနာများအတွက် တိုင်းဒေသကြီးစီမံအုပ်ချုပ် ရေးကောင်စီ၏ အာဟာရဒါနလှူဒါန်းမှုအား ပေးအပ်ခြင်းကို ယနေ့ နံနက်(၇)နာရီ အချိန်ကလေးမျက်နှာမြို့နယ်ပြည်သူ့ဆေးရုံနှင့် အိုင်သပြု တိုက်နယ်ဆေးရုံတို့၌ ဆောင်ရွက်ခဲ့သည်။
ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်
Sep 14,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် (၁၁) နာရီအချိန်က ပြည်ထောင်စု လမ်းနှင့် စည်ပင်လမ်းတစ်လျှောက်ရှိ ပျက်စီးနေသော လမ်းချိုင့်များအား ဖာထေးပြုပြင်ခြင်းများ ပြုလုပ် ဆောင်ရွက်ကြ ကြောင်း သိရသည်။
လက်ပံတန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု ကွင်းဆက်ဖြတ်တောက်နိုင်ရေး ရွေ့လျားစစ်ဆေးရေးယာဉ်ဖြင့် ကိုဗစ်-၁၉ရောဂါပိုး အခမဲ့စစ်ဆေးပေးလျက်ရှိ
Sep 14,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု ကွင်းဆက်ဖြတ်တောက်နိုင်ရေး ရွေ့လျားစစ်ဆေးရေးယာဉ်ဖြင့် ကိုဗစ်-၁၉ရောဂါပိုး အခမဲ့စစ်ဆေးပေးလျက် ရှိသည်။ ယနေ့နံနက် ၈နာရီမှ စတင်၍ ဘီးလင်းတန်းရပ်ကွက် ပေါက်ကုန်းဆင်ဖြူရှင်ကျောင်းရှိ သံဃာတော်များ ဓမ္မစန္ဒာလမ်းမှ ပြည်သူများ၊ စိန်တီဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများနှင့် ရိပ်သာဝန်ထမ်းများ၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၊ ကမ္ဘာ့ရတနာဘဏ်သို့ လာရောက်သည့် တောင်သူများနှင့် ငွေထုတ်သူတို့အား RDT Test Kit ဖြင့် ကွင်းဆင်း စစ်ဆေးပေးခဲ့ကြောင်း သိရသည်။
ဟင်္သာတမြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် လှည့်လည်အသိပေးနှိုးဆော်
Sep 14,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက် များအား ပြည်သူများမှ တိတိကျကျ လိုက်နာဆောင်ရွက်ခြင်းဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရန် မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များတွင် ယနေ့ နေ့လည်ပိုင်းက အသံချဲ့စက်ဖြင့် မြို့နယ်မီးသတ်ဦးစီးဌာန နှင့်ပူးပေါင်း၍ခရိုင် ပြန်/ဆက်ဦးစီးဌာန ဝန်ထမ်းများမှ လှည့်လည်အသိပေးနှိုးဆော်ကြေညာခဲ့ ကြောင်းသိရသည်။
ကျောက်ကြီးမြို့နယ်အတွင်းရှိ စစ်တောင်းမြစ် ရေကာတာဆောင်ရွက်မှုတွင် ဆုံးရှုံးနစ်နာခဲ့သည့် တောင်သူများအား လယ်ယာမြေ နစ်နာကြေးပေးအပ်
Sep 14,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေး ခန်းမ၌ ယနေ့ နံနက် ၁၁ နာရီက စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုဦးစီးဌာနမှ ဦးဆောင်ပြီး စစ်တောင်းမြစ် ရေကာတာဆောင်ရွက်မှုတွင် ဆုံးရှုံးနစ်နာခဲ့သည့် တောင်သူများအား လယ်ယာမြေနစ်နာကြေးပေးအပ်ခဲ့ကြောင်း သိရသည်။