သတင်းများ

မန်တုံမြို့တွင် ကိုဗစ်(၁၉)ရောဂါပိုးတွေ့လူနာ(၁)ဦးထပ်မံတွေ့ရှိ
Sep 14,2021
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ် မြို့ပြင်စစ်ဆေးရေးဂိတ်၌ ယနေ့ မွန်းလွဲ (၂:၀၀)နာရီအချိန်က ကိုဗစ်(၁၉)ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ တာဝန်ရှိသူများက RDT Test Kit ဖြင့် စစ်ဆးခဲ့ရာ အမျိုးသား(၁)ဦး ရောဂါပိုးတွေ့ရှိကြောင်းသိရသည်။
အဝေးရောက်ပအိုဝ်းလူငယ်အဖွဲ့မှ နောင်တရားမြို့ပရဟိတအဖွဲ့သို့ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ရေးအတွက် ကျန်းမာရေးသုံးပစ္စည်းများလှူဒါန်း
Sep 14,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြိုနယ်၊ နောင်တရားမြို့ ပရဟိတအဖွဲ့များထံသို့ အဝေးရောက် ပအိုဝ်းလူငယ်အဖွဲ့မှ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးအတွက် ကျန်းမာရေးသုံးပစ္စည်းများကို ယနေ့နံနက်ပိုင်းတွင် လာရောက် လှူဒါန်းသည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့ကလှူဒါန်းထားသော အောက်စီဂျင်ထုတ်စက် စတင်လည်ပတ်
Sep 14,2021
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၏ အောက်စီဂျင်အရေးပေါ် လိုအပ်မှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ဂန့်ဂေါမြို့ ရွှေပြည်ဆိပ်ဦးဘုရားအနီး သာသနာ့ ဗိမာန်ဝင်းအတွင်း၌ တည်ဆောက်ထားသော အောက်စီဂျင်စက်ရုံအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့က လှူဒါန်းထားသော အောက်စီဂျင်ထုတ်စက်(Oxygen Plant)သည် စတင်လည်ပတ်မောင်းနှင်လျက် ရှိကြောင်း သိရသည်။
မအီမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများကို သိရှိလိုက်နာနိုင်ရန် မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်အသိပေးနိူးဆော်ဆောင်ရွက်
Sep 14,2021
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ မအီမြို့အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနည်းလမ်းများကို သိရှိလိုက်နာနိုင်ရန် အတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ယနေ့ နံနက်ပိုင်း (၁)ကြိမ်၊ ညနေပိုင်း(၁)ကြိမ် မြို့‌ပေါ်ရပ်ကွက်များသို့အသံချဲ့စက်ဖြင့် လှည့်လည်၍ ပြည်သူများထံ အသိပေးနိူးဆော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 
လားရှိုးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး  မြို့တွင်းနှင့်ကျေးရွာများသို့ အရောက် ကွင်းဆင်းစစ်ဆေးပေးလျက်ရှိ
Sep 14,2021
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့၌ ကိုဗစ်(၁၉)ရောဂါကာကွယ်ရေးအတွက် မြို့တွင်း ရပ်ကွက်များ၊ စျေးများ၊ ကျေးရွာအုပ်စုများအား ကိုဗစ်(၁၉)ရောဂါပိုး ရှိမရှိတို့အား ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ၏ စီစဉ်မှုဖြင့် ကျန်းမာရေးဌာနက ယနေ့ နံနက်(၉)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးပေးလျက်ရှိကြောင်း သိရသည်။
မိုင်းလုံမြို့ “ဖြူစင်မေတ္တာပရဟိတ”အသင်းအား PPEဝတ်စုံနှင့်Maskများပေးအပ်လှူဒါန်း
Sep 14,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် နိုင်ရန်နှင့် ကိုဗစ်၁၉-ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် ယနေ့နံနက်က(၉)နာရီအချိန်ခန့်က ဖြူစင်မေတ္တာပရဟိတအသင်းထံ PPEဝတ်စုံနှင့်Maskများ ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
ကျိုက်မရောတွင် အသက် ၅၅ နှစ်အထက်ရှိသူများ၊ မသန်စွမ်းသူများအား  ကိုဗစ် -၁၉ ကာကွယ်ဆေး ပထမနေ့စတင်ထိုးနှံပေး
Sep 14,2021
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏  ဦးဆောင်ကြီးကြပ်မှု ဖြင့် အသက်၅၅နှစ်နှင့်အထက်ရှိသူများ၊  မသန်စွမ်းသူများ၊  လက်နက်ကိုင်  အဖွဲ့အစည်းများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို   ယနေ့နံနက်၉နာရီက    ကျိုက်မရော မြို့နယ် အတွင်းရှိ သတ်မှတ်ထားသော ဆေးထိုးစုရပ်များ၌ ပထမနေ့အဖြစ်စတင်ထိုးနှံပေးသည်။
မိုင်းလုံမြို့တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်
Sep 14,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကျေးရွာ များသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်ခန့်က မုန်းပြင်ကျေးရွာအုပ်စု၊ နားမျှောကျေးရွာနှင့်ပေါင်ခေါ်ကျေးရွာတို့တွင် မြို့ဦးစီးမှူး ဦးထင်ကျော်ဦးနှင့် အဖွဲ့တို့က သွားရောက် ဆောင်ရွက်ပေးခဲ့သည်။