ဧရာဝတီတိုင်းစီမံအုပ်ချုပ်ရေးကောင်စီမှ လေးမျက်နှာမြို့နယ် ကိုဗစ်စင်တာများရှိ ကိုဗစ်လူနာများအား နေ့လည်စာအဟာရလှူဒါန်း

 

လေးမျက်နှာ   စက်တင်ဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ကိုဗစ်-၁၉ (Positive) လူနာများအတွက် တိုင်းဒေသကြီးစီမံအုပ်ချုပ် ရေးကောင်စီ၏ အာဟာရဒါနလှူဒါန်းမှုအား ပေးအပ်ခြင်းကို ယနေ့ နံနက်(၇)နာရီ အချိန်ကလေးမျက်နှာမြို့နယ်ပြည်သူ့ဆေးရုံနှင့် အိုင်သပြု တိုက်နယ်ဆေးရုံတို့၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ လှူဒါန်းရာတွင် လေးမျက်နှာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌဦးသိန်းဆိုင်နှင့် အဖွဲ့ဝင်များတို့မှ ယနေ့ နေ့လယ်စာအတွက် လေးမျက်နှာဆေးရုံရှိ လူနာများအတွက် ထမင်းဘူး(၂၁ ) ဘူး၊ အိုင်သပြုတိုက်နယ်ဆေးရုံရှိ လူနာများအတွက် ထမင်းဘူး(၉) ဘူးတို့အားမြို့နယ် ကျန်းမာရေးဦးစီးဌာနရှိတာဝန်ရှိသူများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝေဝေ(လေးမျက်နှာ)