ဝါးခယ်မ စက်တင်ဘာ ၁၄
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးကျော်စိုးမှကြီးကြပ်၍ ဝန်ထမ်းများက ယနေ့ နံနက် ၁၀ နာရီက မဲဇလီကျေးရွာရှိ ပြည်သူများအား အဆိုပါရုံးတွင်လူဦးရေစာရင်းနှင့် နိုင်ငံသား စီစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှဝန် ထမ်းများက မဲဇလီကျေးရွာ နေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်အသက် (၁၀)နှစ်ပြည့် (၁၅) ကတ်၊ အသက် (၁၈)နှစ်ပြည့် (၁၉) ကတ်၊ လဲလှယ်(၃)ကတ်၊ ပျောက်/ပျက် (၅)ကတ်၊ စုစုပေါင်း (၄၂) ကတ်နှင့်ရွှေ့ပြောင်း အိမ်ထောင်စုဦးရေ စာရင်း(၁၀)ခုဆောင်ရွက် ပေးနိုင်ခဲ့ပြီး အလားတူဖိုးခမှီဒေါင့်ကျေးရွာနှင့် ကျွန်းပြဿဒ် ကျေးရွာတို့တွင်လည်းအဖွဲ့များခွဲ၍ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။ ကျန်ရှိနေသောဌာနဆိုင်ရာ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများအား ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးကျော်စိုး ထံမှသိရသည်။
စောသန္တာဦး(ပြန်/ဆက်)