ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်

ဒဂုံတောင် စက်တင်ဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် (၁၁) နာရီအချိန်က ပြည်ထောင်စု လမ်းနှင့် စည်ပင်လမ်းတစ်လျှောက်ရှိ ပျက်စီးနေသော လမ်းချိုင့်များအား ဖာထေးပြုပြင်ခြင်းများ ပြုလုပ် ဆောင်ရွက်ကြကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်သာယာလှပစေရေး လမ်းပန်းဆက်သွယ်ရေး အဆင်ပြေစေရေးနှင့် မော်တော်ယာဉ် များ သွားလာရာတွင် အဆင်ပြေစေရေးအတွက် ဆောင်ရွက်နေကြခြင်းဖြစ်ပြီး လမ်းများ၏ မြေပြင် အခြေအနေများ၊ ပြန်လည်ဖာထေးနေရာတွင်လည်း သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့်အညီ ပြန်လည်ပြုပြင်နေကြကြောင်း သိရသည်။

ထို့နောက် ဆောင်ရွက်နေသော မြေပြင်အခြေအနေအား မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လှည့်လည် ကြည့်ရှုကာ လိုအပ်သည်များ ဆွေးနွေး ပြောကြားခဲ့ကြောင်း သတင်းရရှိ သည်။

သက်မင်းဟန်(ဒဂုံတောင်)