သတင်းများ

ကျောက်တံတားမြို့နယ်တွင် ကိုဗစ်-၁၉ကာကွယ်ဆေး ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံမှုကို ဦးတည်အုပ်စုအလိုက် ဆက်လက်ထိုးနှံပေး
Sep 14,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်တွင် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံမှုကို ယနေ့နံနက်(၁ဝ:၀၀)နာရီမှ နေ့လည်(၁၂:၃၀)အချိန်ထိ အမှတ်-၃ရပ်ကွက်၊ မဟာဗန္ဓုလလမ်းနှင့် ၃၅လမ်းထိပ် (ယခင်မြို့နယ်ထွေအုပ်ရုံး) ရှေ့တွင် ဦးတည်အုပ်စုများဖြစ်သည့် ရပ်ကွက်အတွင်း‌နေထိုင်သည့် (၆၅)နှစ်အထက် သက်ကြီးရွယ်အိုများ၊ နိုင်ငံ့ဝန်ထမ်းများဖြစ်သည့် စည်ပင်၊ ပညာ‌ရေး၊ စီးပွား‌ရေးဘဏ်(၁+၂)မှ ဝန်ထမ်းများအား ထိုးနှံပေးခဲ့ရာ ယနေ့တွင် စုစုပေါင်း(၁၂၅)ဦးကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဗဟန်းမြို့နယ်အတွင်း သာယာလှပသန့်ရှင်းရေးနှင့် ရေစီးရေလာကောင်မွန်စေရေးအတွက် မြို့နယ်စည်ပင်မှ ဆောင်ရွက်
Sep 14,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်အတွင်း သာယာလှပ သန့်ရှင်းရေးအတွက် သစ်ပင်သစ်ကိုင်းများ ရှင်းလင်းခြင်း၊ အမှိုက်များ မြက်ချုံများ ရှင်းလင်းခြင်း၊ ရေမြောင်းများ၊ ရေစီးရေလာကောင်မွန်စေရေး၊ ရေနှုတ်မြောင်းများ ရေစီးရေလာ ကောင်မွန်စေရေး၊ မြေအောက်လိုင်း များဆောင်ရွက်ရန်မြေပြင်အခြေအနေများ ရွေးချယ်ခြင်း၊ စည်ပင်ရေပိုက်များ မြေအောက်မြောင်း များ နှင့်လွတ်ကင်းစေရေး ပြင်ဆင်ခြင်းလုပ်ငန်းများ၊ ရေမြောင်းများ ဖောက်လုပ်ခြင်းဖြင့် ဖြစ်ပေါ်လာနိုင်သည့် အကျိုးအပြစ်များကို ချိန်ဆ၍ မြေပြင် ဆောင်ရွက်ခြင်းများကို ယနေ့နံနက် ၇ နာရီ ခွဲတွင် ရန်ကုန်အနောက်ပိုင်းခရိုင်အတွင်းရှိ မြို့နယ်စည်ပင်ဝန်ထမ်းများမှ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ပန်းခင်းစီမံချက် အသိပညာပေး မြေစိုက်နံရံကပ်ပြဘုတ် စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းဆောင်ရွက်
Sep 14,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေသော ပန်းခင်းစီမံချက်အား ဒေသခံပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် အသိပညာပေး မြေစိုက်နံရံကပ်ပြဘုတ် စိုက်ထူခြင်းနှင့် လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်ပြည်ကားလမ်း နာရီစင်လမ်းစုံတွင် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖလမ်းမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ်တွင်(၁၃၈၅) ဦး အားထိုးနှံပေး
Sep 14,2021
ချင်းပြည်နယ်၊ ဖလမ်းမြို့၌ အသက်(၆၅) နှစ်အထက်နှင့် အုပ်စု(၁၂)စုအား ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ်ထိုးနှံ ပေးခြင်းကို ယမန်နေ့၊ နံနက် ၉ နာရီမှ စတင်ကာဖလမ်းမြို့၊ သူနာပြုသင်တန်းကျောင်း၊ ချယ်ရီခန်းမဆောင်၌ ကျင်းပပြုလုပ်သည်။
မေတ္တာရှင် ပရဟိတလူမှုကူညီရေးအသင်းသို့ စေတနာရှင်အလှူရှင်များမှ အလှူငွေများလှူဒါန်း
Sep 14,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် ဆ/က ရပ်ကွက် ခိုင်သဇင်လမ်း မေတ္တာရှင်ပရဟိတ လူမှုကူညီရေးအသင်းနှင့် နာရေးကူညီမှုအသင်းသို့ ဒေသအသီးအသီးမှ အလှူရှင် ရဟန်းရှင် လူပြည်သူ များက ကိုဗစ်-၁၉ ရောဂါ ဝေဒနာရှင်များအတွက် ကျန်းမာရေးနှင့် နာရေးအထောက်အကူပြုပစ္စည်းများ ဖြစ်သော အောက်ဆီဂျင်စက်၊ အောက်ဆီဂျင်အိုးများနှင့် လူနာတင်ယာဉ်၊ နာရေးယာဉ်များ ဝယ်ယူနိုင် ရန်အတွက် အလှူငွေများလာ ရောက်လှူဒါန်းခဲ့သည်။
ပွင့်ဖြူမြို့နယ်၌ ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Sep 14,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် အကြောင်းအမျိုးမျိုးကြောင့် ဒုတိယအကြိမ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသူများကို ယနေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမတွင် ဆက်လက်ထိုးနှံပေးလျက်ရှိရာ ဒေသခံပြည်သူ ၉၂ ဦး လာရောက်ထိုးနှံခဲ့ကြောင်း ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ သိရသည်။
ပခုက္ကူမြို့၌ ဆေးဝါး၊ဆေးပစ္စည်းနှင့်အထောက်အကူပြုပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး ကွင်းဆင်းစစ်ဆေး
Sep 14,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါနှင့်အခြားရောဂါများကူးစက်ပျံ့နှံမှုမှ ကာကွယ်ကုသရေးတို့အတွက်ဆေးဝါး၊ဆေးပစ္စည်းများနှင့်အထောက်အကူပြုပစ္စည်းများပြတ်လပ်မှုမရှိစေရေး၊သတ်မှတ်အရည်  အသွေးများနှင့်ကိုက်ညီစေရေးနှင့်ဈေးနှုန်းမှန်ကန်စေရေးတို့အတွက် မြို့နယ်ဆေးဝါးနှင့်ဆေးပစ္စည်းများ၊ဈေးကွက်စောင့်ကြည့် စစ်ဆေးကြပ်မတ်ရေးအဖွဲ့မှ တာဝန်ရှိသူများက  ယနေ့နံနက် ၁၁နာရီခွဲအချိန်က ကွင်းဆင်းစစ်ဆေးကြသည်။
ကျွန်းစုမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေး
Sep 14,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ကျွန်းစုမြို့နယ်ရုံးက ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား စက်တင်ဘာလ(၁၃)ရက်နေ့မှ (၁၄)ရက်နေ့အထိ ကတ္တလူ ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။