ရေဖြူမြို့နယ်၊ ဖောင်းတောရွာကျောင်းတိုက်များရှိ သံဃာတော်များနှင် လူပုဂ္ဂိုလ်များအား ကိုဗစ်-၁၉ရောဂါကွင်းဆက်ပြတ်စေရန် မိုဘိုင်းစနစ်ဖြင့် ကွင်းဆင်းစစ်ဆေးပေးရာ စုစုပေါင်း (၁၀)ဦးပိုးတွေ့

ရေဖြူ စက်တင်ဘာ ၁၄

     

တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကွင်း ဆက်ဖြတ်တောက် ထိန်းချုပ်နိုင်ရေးအတွက် ဖောင်းတော‌​​ကျေးရွာကျောင်းတိုက်များရှိ သံဃာတော်များနှင့်‌ လူပုဂ္ဂိုလ်တို့ အား Mobile Test Kit Teamအဖွဲ့က  RDT Test   Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီ က မြို့နယ် ကိုဗစ် - ၁၉  ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီ၏ ဦးဆောင် မှုဖြင့် ကွင်းဆင်းစစ်ဆေးပေးခဲ့ကြောင်းသိရသည်။

  

 

ထိုသို့ ဆောင်ရွက်ရာတွင် ကလိန်အောင်မြို့၊မြို့အုပ်ချုပ်ရေးမှူးဦး‌​အောင်နိုင်နှင့် ကော်မတီ ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ကလိန်‌​အောင်မြို့ကြက်‌​ခြေနီတပ်ဖွဲ့များ၊ဖြူစင်‌​မတ္တော ပရဟိတ အသင်းဝင်များက ဖောင်းတောကျေးရွာ   ‌​ဇေယျသု‌​ခေသိတာရာမကျောင်းတိုက်ရှိ သံဃာတော် (၃၂)ပါး နှင့်လူပုဂ္ဂိုလ်( ၁) ဦးအား RDT Test  Kit ဖြင့်သွားရောက် စစ်ဆေး ပေးခဲ့ရာ သံဃာ(၉)ပါးနှင့် လူပုဂ္ဂိုလ်(၁)ဦး ၌ကိုဗစ်-၁၉‌​​ရောဂါပိုးရှိ‌​တွေ့ရှိ​ကြောင်း သိရသည်။

 

ဆက်လက်၍မွန်းလွဲ(၂)နာရီတွင် ဖောင်းတောကျေးရွာဇေယျသီတရံကျောင်းတိုက် ရှိသံဃာ (၁၉)ပါး အားRTD Test Kit ဖြင့် ဆက်လက်စစ်ဆေးပေးရာ ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိ ကြောင်းသိရပြီး ရေဖြူ မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှု အနေဖြင့်သြဂုတ် လတွင် အများဆုံးရှိခဲ့ပြီး သေဆုံးမှုလည်း ရှိခဲ့သဖြင့်  အစု အဖွဲ့ဖြင့်နေထိုင်သော‌‌​ကျောင်းတိုက်များသို့ ဦးစားပေး စစ်ဆေးခြင်းဖြစ်ကြောင်း၊ပိုး‌​တွေ့ရှိပါက ခွဲထုတ်ကာ သီးခြား‌​နေထိုင်ပြီး ဆေးကုသမှုခံယူပါက မြန်မြန်‌​ရောဂါအမြစ်ပြတ်မည်ဖြစ်‌​​​ကြောင်း ကလိန်‌​အောင် မြို့၊မြို့အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်က​ပြောကြားသည်။

   

ရေဖြူမြို့နယ်တွင် ယနေ့အထိ ရောဂါပိုးတွေ့သူ (၆၇၀)ဦးရှိပြီး ကုသဆဲ (၆၅)ဦး၊သေဆုံး (၁၈)ဦးနှင့် သက်သာပြီးဆေးရုံဆင်းသူ (၅၈၇)ဦးရှိပြီဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး နှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီထံက သိရသည်။

 

ရေဖြူ (ပြန်/ဆက်)