ဘုတ်ပြင်းမြို့နယ်တွင် ကိုဗစ်ပိုးတွေ့ အတည်ပြုလူနာ (၁၈၀၂)ဦးအထိ ရှိပြီဖြစ်ကာ ကျန်းမာရေးကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိသူ (၁၅၀၀) ဦးရှိ
Sep 14,2021
တနင်္သာရီတိုင်းဒေသကြီး ၊ ဘုတ်ပြင်းမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကူးစက်မှု လျော့နည်း ပပျောက်စေရန်နှင့် ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများနှင့် Volunteer အဖွဲ့ဝင်များက ရပ်ကွက်/ ကျေးရွာများအရောက် ကွင်းဆင်းသွားရောက်ပြီး အခမဲ့ ရှာဖွေစစ်ဆေးဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အထိ ကိုဗစ် - ၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ (၁၈၀၂)အထိ ရှိပြီဖြစ်ကြောင်းနှင့် ကျန်းမာရေး ကောင်းမွန်၍ ဆေးရုံမှ ဆင်းခွင့်ရရှိသူ (၁၅၀၀) ဦး ရှိကြောင်း မြို့နယ်ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီထံမှ သိရသည်။