ကျောက်ကြီးမြို့နယ်အတွင်းရှိ စစ်တောင်းမြစ် ရေကာတာဆောင်ရွက်မှုတွင် ဆုံးရှုံးနစ်နာခဲ့သည့် တောင်သူများအား လယ်ယာမြေ နစ်နာကြေးပေးအပ်

ကျောက်ကြီး၊ စက်တင်ဘာ ၁၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေး ခန်းမ၌ ယနေ့ နံနက် ၁၁ နာရီက စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုဦးစီးဌာနမှ ဦးဆောင်ပြီး စစ်တောင်း မြစ် ရေကာတာဆောင်ရွက်မှုတွင် ဆုံးရှုံးနစ်နာခဲ့သည့် တောင်သူများအား လယ်ယာမြေနစ်နာကြေးပေးအပ်ခဲ့ကြောင်း သိရသည်။

ထောက်ပံ့ပေးအပ်ရာတွင် ကျောက်ကြီးမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်မျိုး၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်မြချိုနှင့် သက်ဆိုင်ရာ တာဝန်ရှိသူ ဌာနဆိုင်ရာအကြီးအကဲများပါဝင်ပြီး အုန်းရှစ် ကုန်းကွင်းအတွင်းရှိ လယ်ယာမြေ ဆုံးရှုံး နစ်နာခဲ့သည့် တောင်သူများအား  လယ်ယာမြေဆုံးရှုံးမှုအလိုက် ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ခဲ့ သည်။

ကျောက်ကြီးမြို့နယ် နတ်သံကွင်းကျေးရွာအုပ်စုတွင် စစ်တောင်းမြစ်ရေဝင်ရောက်၍ လယ်ယာပျက်စီးမှု နည်းပါးသက်သာစေရန်နှင့် ရေကြီးနစ်မြုပ်မှု မဖြစ်ပေါ်စေရေးအတွက် စစ်တောင်းမြစ်ရေ ကြာပန်းတာ အပါအဝင် လုပ်ငန်းဆောင်ရွက်ရာတွင် နစ်နာဆုံးရှုံးခဲ့သည့် လယ်ယာမြေများအား (၁)ဧကလျှင် ကျပ်(၃၅)သိန်းနှုန်းဖြင့် လယ်ယာမြေ (၃.၃၃)ဧက နစ်နာဆုံးရှုံးမှုအတွက် ကျပ်သိန်း (၁၁၆၅၅၀၀၀)အား ဆည်မြောင်းနှင့် ရေအသုံးချမှုဦးစီးဌာနမှ အုန်းရှစ်ကုန်းကွင်းအတွင်းရှိ တောင်သူ(၈)ဦးအား ထောက်ပံ့ ပေးရခြင်းဖြစ်ကြောင်း ဆည်မြောင်းနှင် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်မြချို ထံမှ သိရသည်။