မန္တလေး စက်တင်ဘာလ ၁၄
သံဃာတော်များအား Covid-19 ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို စက်တင်ဘာ ၁၄ရက်နေ့ နံနက် ၉နာရီက မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ ချမ်းမြသာစည် မြောက်ရပ်ကွက်ရှိ မိုးထားကျောင်းတိုက် "ပရိယတ္တိသာသနဗိမာန်" တွင် ပြုလုပ်ခဲ့သည်။
ထိုသို့ Covid-19 ကာကွယ်ဆေး ဒုတိယအကြိမ် ဆေးထိုးနှံပေးမှုအား မစရ(၁)နန်းတွင်းမှ ဒေါက်တာ ဗိုလ်ကြီး ဝင်းကိုကိုဌေးဦးစီးသော ၄ဦးမှ ကာကွယ်ဆေးထိုးမှုများ ပြုလုပ်ပေးခဲ့ရာ ဆရာတော် သံဃာ(၁၃၈)ပါး တို့အား ဆေးထိုးပြီးစီးခဲ့ကြောင်းသိရသည်။
ထိပ်ထားနိုင် ဓာတ်ပုံကျွမ်းကျင် - ၂