သတင်းများ

မင်္ဂလာဒုံမြို့နယ်တွင် စက်ရုံ၊အလုပ်ရုံမှ ဝန်ထမ်းများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်​ဆေး ဆက်လက်ထိုးနှံပေး
Sep 14,2021
ရန်ကုန်တိုင်း​ဒေသကြီး၊​ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် ပြည်သူ့ကျန်းမာ​ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများက ဝန်ထမ်း များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်​ဆေးများ ဆက်လက်ထိုးနှံ​ ပေးလျှက်ရှိရာ ယမန်ရက်နေ့က စက်ရုံ၊ အလုပ်ရုံ (၈)ရုံမှ ဝန်ထမ်း (၄၅၇၆)ဦး ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်​ဆေး ထိုးနှံ​ပေးနိုင်ခဲ့​ကြောင်း သိရသည်။
လားရှိုးမြို့၌ ကိုဗစ်(၁၉)ရောဂါကာကွယ်ရေး မြို့တွင်းနှင့်ကျေးရွာများသို့အရောက် ကွင်းဆင်းစစ်ဆေး ပေးလျက်ရှိ
Sep 14,2021
ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့၌ ကိုဗစ်(၁၉)ရောဂါကာကွယ်ရေးအတွက် မြို့တွင်းရပ်ကွက်များ၊ စျေးများ၊ ကျေးရွာအုပ်စုများအား ကိုဗစ်(၁၉)ရောဂါပိုး ရှိမရှိတို့အား ကိုဗစ်(၁၉)ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီ၏ စီစဉ်မှုဖြင့်ကျန်းမာရေးဌာနက ကွင်းဆင်းစစ်ဆေးပေးလျက်ရှိနေကြောင်းသိရသည်။
ခရမ်းမြို့နယ်၌ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့” ဗွီနိုင်းပိုစတာများ စိုက်ထူ၍ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
Sep 14,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်၌ “ပန်းခင်း” စီမံချက်ဖြင့် တိုင်းရင်းသား/ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေး လုပ်ငန်းလမ်းညွှန်ဖြစ်သည့် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသား ကတ်ကိုင်ကြစို့” ဗွီနိုင်းပိုစတာစိုက်ထူခြင်းကို ယမန်နေ့ နံနက် ၉နာရီက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးရှေ့၌ စိုက်ထူခဲ့‌ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အလှူရှင်များက ဓနုဖြူမြို့နယ်အတွင်းရှိ သံဃာတော်၊ သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ပဲ နှင့် ဆားများ ဆပ်ကပ်လှူဒါန်း
Sep 14,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ နှင့်မြို့နယ်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဆန်စက်လုပ်ငန်းရှင် အလှူရှင်များက မြို့နယ် အတွင်းရှိ ဝါဆိုဝါကပ်သီတင်းသုံးတော်မူကြသော သံဃာတော်၊ သီလရှင်များအား ဆွမ်းဆန် တော်၊ ဆီ၊ ပဲနှင့် ဆားများ ဆပ်ကပ်လှူဒါန်းခြင်းကို ယမန်နေ့၊ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်၊ ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ သွားရောက်ဆပ်ကပ် လှူဒါန်းခဲ့သည်။
မြစ်သားမြို့တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာဆွေးနွေးပွဲ (Talk Show)ကျင်းပ
Sep 14,2021
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီး ဌာနနှင့် မြို့နယ်စာရေး ဆရာအသင်းတို့ပူးပေါင်း၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိ ပညာပေး ဆွေးနွေးပွဲ (Talk Show)ကိုယနေ့နံနက်(၁၀)နာရီက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပကြောင်းသိရသည်။
လှည်းကူး၌ နိုင်ငံ့ဝန်ထမ်းများနှင့် Volunteer များအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ
Sep 14,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံခဲ့သည့် နိုင်ငံ့ဝန်ထမ်းများ နှင့် Volunteer များအား ယမန်နေ့ နေ့လည် ၁၂ နာရီက အ-ထ-က(လှည်းကူး)တွင် ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။
ဗန်းမော်မြို့တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ဆောင်ရွက်ပေး ခြင်းကို ဆက်လက်ကွင်းဆင်းဆောင်ရွက်
Sep 14,2021
ကချင်ပြည်နယ် ၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့တွင် နိုင်ငံသားအရည်အချင်းပြည်မီသူတိုင်း ကိုင်ဆောင်လက်မှတ် တစ်မျိုးမျိုးရရှိနိုင်ရေး ရည်ရွယ်၍ “ ပန်းခင်း ’’ စီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ အခမဲ့ဆောင်ရွက်ပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီကစ၍ ဟန်းတဲရပ် ကွက်၊ လင်းရောင်ခြည် ဘုန်းတော်ကြီးကျောင်း၌ ဆက်လက်ပြုလုပ်ဆောင်ရွက်ပေးသည်။
ကမမောင်းမြို့အတွင်း ဘုန်းတော်ကြီးကျောင်းများရှိ သံဃာတော်များအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေး 
Sep 14,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့အတွင်းရှိ တောင်တန်းသာနာပြုကျောင်း၊ သီရိဓမ္မ တောရကျောင်း၊ဘုရားကိုးဆူပဌာန်းကျောင်း၊ ကော့ကရက်ကျောင်းနှင့် ဆွေမြတ်မျိုးကြွယ် ပရိယတ္တိစာသင်တိုက်တို့တွင်