ဒီပဲယင်းမြို့နယ်၌ မိုးစပါး စိုက်ပျိုးရန်လျာထား ၁၂၇၀၀၀ ဧကထက် ကျော်လွန် စိုက်ပျိုးနိုင်
Sep 15,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ဒီပဲယင်းမြို့နယ်၌၂၀၂၁ခုနှစ်မိုးစပါးစိုက်ပျိုးရာသီတွင် စပါးစိုက်ဧက ၁၂၇၀၀၀ စိုက်ပျိုးရန် လျာထားခဲ့ရာ စိုက်ပျိုးပြီး ကွင်းပိတ်ချိန်တွင် ၁၂၇၀၀၃ ဧက စိုက်ပျိုးပြီး ဖြစ်၍ လျာထားဧကထက် ကျော်လွန် စိုက်ပျိုး နိုင်ပြီး ရာနူန်းအားဖြင့် ၁၀၀% စိုက်ပျိုးနိုင်ခဲ့ ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးအေးမင်းထွန်း ထံမှသိရသည်။