မုဒုံမြို့နယ်၌ စားအုန်းဆီအမျိုးမျိုးနှင့် စပ်လျဥ်း၍ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်

မုဒုံ ဇူလိုင် ၂၀

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၌ စားအုန်းဆီအမျိုးမျိုးနှင့်စပ်လျဥ်း၍ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက်များ၌ ဆောင်ရွက်ခဲ့သည်။

ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဇော်ထွေးခိုင်၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးညီလွင်အေးနှင့် တာဝန်ရှိသူများက စျေးကွက်အတွင်း ရောင်းချနေသော စားအုန်းဆီအမျိုးမျိုးတွင် ကုန်ညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြခြင်း ရှိ/ မရှိ၊ သက်ဆိုင်ရာဌာနများက ကန့်သတ်တားမြစ်ထားသည့် စားအုန်းဆီများ ရောင်းချခြင်း ရှိ/ မရှိ၊ စားသုံးသူ ဘေးအန္တရာယ်ဖြစ်စေနိုင်သော စားအုန်းဆီများ ရောင်းချနေမှု ရှိ/ မရှိတို့အား စစ်ဆေးခြင်းနှင့် သတ်မှတ်စံချိန်စံနှုန်းနှင့်ကိုက်ညီ၍ သက်ဆိုင်ရာဌာနများမှ ခွင့်ပြုထားသော ကုန်ညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသော စားအုန်းဆီများကိုသာ စျေးကွက်အတွင်း ရောင်းချခြင်းများပြုလုပ်ကြရန်နှင့် စျေးကွက်အတွင်း ရောင်းချခြင်း ခွင့်မပြုသည့်စားအုန်းဆီများကို ရှောင်ရှားကြရန် ဆိုင်ရှင်များအား အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။

ရာမည (ပြန်/ဆက်)