လွိုင်ကော် ဇူလိုင် ၂၀
ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် (၃၁) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး လမ်းညွှန်မှာကြားချက်များ ထပ်ဆင့်ရှင်းလင်းခြင်းကို ယမန်နေ့နံနက်ပိုင်းက လွိုင်ကော်မြို့ ပြည်နယ်တရားလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ် တရားရေးဦးစီးမှူးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားသူကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားသူကြီးများနှင့် ခရိုင်တရားသူကြီးများ၏ (၃၁) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး လမ်းညွှန်မှာကြားချက်များကို ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးထွန်းထွန်းဦးက ပြည်နယ်တရားလွှတ်တော် တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူး၊ ခရိုင်နှင့် မြို့နယ်တရားသူကြီးများ၊ တရားရေးအရာရှိများနှင့် အမှုထမ်းများအား ထပ်ဆင့်ရှင်းလင်းခဲ့ကြောင်း သိရသည်။
ထွန်းအောင် (ရှားတော)