လှိုင်သာယာ ဇူလိုင် ၂၀
ကျောင်းသား/ကျောင်းသူများ ယာဉ်အန္တရာယ်ဖြစ်ပွားမှုမရှိစေရန်နှင့် ယာဉ်ကြောများပိတ်ဆို့မှုမရှိစေရန် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း စစ်ဆေးခြင်းများကို ယနေ့နံနက်ပိုင်းက လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အ.ထ.က(၈) ကျောင်းရှေ့တွင် ကွင်းဆင်းဆောင်ရွက်ကြသည်။
အဆိုပါ ပြုလုပ်ဆောင်ရွက်ခြင်းကို တပ်ဖွဲ့စုတပ်ဖွဲ့ဝင်များသည် ယာဉ်အန္တရာယ်မဖြစ်ပွားစေရန် ကျောင်းသား/ ကျောင်းသူများ ကျောင်းအတက်၊ အဆင်းတွင် ပိတ်ဆို့မှုမရှိစေရန်နှင့် ယာဉ်အန္တရာယ်လျော့ကျနိုင်စေရန် မော်တော်ခေါင်မိုးများကို စစ်ဆေးခြင်းများပြုလုပ်ကာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ ဆောင်ရန်/ရှောင်ရန် အသိပညာပေးခြင်းများကို အရှိန်အဟုန်မြှင့်ကာ နေ့စဉ်ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
မြို့နယ် (ပြန် /ဆက်)