မှော်ဘီ ဇူလိုင် ၂၀
ရန်ကုန်တိုင်းဒေသကြီး၊မှော်ဘီခရိုင်၊မှော်ဘီမြို့နယ်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်မှုအနေဖြင့် ကျေးရွာမြေဂရန် ထုတ်ပေးရေးစီမံချက်ဖြင့် ကျေးရွာမြေငှားဂရန်ထုတ်ပေးခြင်း အခမ်းအနားကို ယနေ့ နေ့လယ် ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ မှော်ဘီခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး မှော်ဘီခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးနိုင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့်၊မှော်ဘီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးမောင်၊ မြို့နယ်မြေစာရင်းဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးထွန်းထွန်းဝင်း ၊မှော်ဘီမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူးရဲမှူး ကျော်ထွန်း၊ မှော်ဘီမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးဝင်းစိုး၊ မှော်ဘီမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဒေါ်ငုဝါကျော်၊ မှော်ဘီမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင် ဒေါ်အေးမြတ်ဦးတို့က ကျေးရွာမြေငှားဂရန် ကတ်ပြားများ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)