တွံတေးမြို့နယ် (မူလွန်)ကျောက်စရစ်ကုန်း၌ တိုင်းရင်းဆေးဝါးများဖြင့် ကွင်းဆင်းကုသပေးခြင်းဆောင်ရွက်

တွံတေး ဇူလိုင် ၂၀

တိုင်းရင်းဆေးပညာဦးစီးဌာန ရုံးချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့်  ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်နွယ်နွယ်ဦးနှင့်အဖွဲ့သည် (မူလွန်)ကျောက်စရစ်ကုန်းတွင် ယနေ့ နေလယ် ၁ နာရီအချိန်က ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေး အသိပညာပေးဟောပြောခြင်းနှင့် ဆေးဝါးကုသပေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အသိပညာပေး ဟောပြောပွဲတွင် မြို့နယ်တိုင်းရင်းဆေးကုဌာန၊ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်နွယ်နွယ်ဦးက (မူလွန်)ကျောက်စရစ်ကုန်းမှ ဆရာမများ၊ ကျောင်းသား၊ကျောင်းသူ (၁၃၀)ဦးတို့အား မိုးရာသီတွင် ဖြစ်ပွားတက်သော ရောဂါများမှ တုပ်ကွေးရောဂါအကြောင်း အသိပညာပေးခြင်း ဟောပြောခဲ့ပြီး စုစုပေါင်း(၆၅)ဦးတို့အား အရေပြားယားနာ၊ ထိခိုက်ဒဏ်ရာ၊ အနာပေါက်၊ ချောင်းဆိုးခြင်း၊ အစာမကြေခြင်းတို့ကို တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ကြောင်း သိရသည်။

မျိုးလှိုင်(တွံတေး)