အရာတော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသူ ၂၆၄၅ ဦးအား  ထိုးနှံ​ပြီးစီး

အရာတော်   စက်တင်ဘာ  ၂၁

 

စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်တွင် ကိုဗစ်- ၁၉ ​ရောဂါကာကွယ်ဆေးမထိုးနှံရသေးသည့် ပြည်သူ (၂၆၄၅)ဦးအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို (၁၈--၂၀၂၁)ရက်​နေ့မှ စတင်ပြီး ယ​နေ့ နံနက်(၈)နာရီအချိန်ထိ မြို့နယ်ပြည်သူ့​ဆေးရုံ ဆာဆာကာဝါခန်းမ၊ အမှတ်()ရပ်ကွက်ရှိ အ​ခြေခံ ပညာအထက်တန်း​ကျောင်း၊ အမှတ် ၂ ရပ်ကွက်(အ​ခြေခံပညာ မူလတန်းလွန်ကျောင်း)၊ အမှတ် ၃ ရပ်ကွက်(အ​ခြေခံပညာအလယ်တန်း​ကျောင်း-ခွဲ)တို့တွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ အဖွဲ့​လေးဖွဲ့ခွဲကာ ထိုးနှံပေးခဲ့ကြောင်း သိရ သည်။

 

အရာတော်မြို့နယ်တွင် (Sinopharm) အမျိုးအစား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကိုနှံရန်ကျန်ရှိသည့် ပြည်သူများအား ဆက်လက်ထိုးနှံပေးခဲ့ခြင်းဖြစ်ပြီး ယခုအကြိမ်တွင် သံဃာ​တော်နှင့် သီလရှင်(၂၄)ပါး၊ နိုင်ငံ့ ဝန်ထမ်း (၈၄)ဦး၊ အသက်(၆၅)နှစ်အထက် အဘိုးအဘွား (၂၄၉)ဦး ၊ အသက် (၅၅)နှစ်မှ(၆၄)နှစ်အထိပြည်သူ (၃၈၁)ဦး၊ နိုင်ငံ့ဝန်ထမ်း(၁၃၈)ဦး၊ အသက် (၁၈)နှစ်အထက် ပြည်သူ (၁၈၅၂)ဦး၊ စုစု​ပေါင်း (၂၆၄၅ )ဦး ထိုးနှံ​ပေးခဲ့​ကြောင်း မြို့နယ်ကျန်းမာရေးဌာနမှ သိရသည်။

 

ယင်းသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာသို့ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲထွဋ်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်​ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ထိုးနှံပေးလျက်ရှိပြီး ယ​နေ့အထိ ကာကွယ်​ဆေးထိုးနှံ​ပေးပြီးသူ စုစု​ပေါင်း (၁၄၉၆၂)ဦးရှိပြီး ဆေးထိုးရန် ကျန်ရှိသူများအား  ဆက်လက် ထိုးနှံ​ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

နွယ်နီမြင့်