ငပလီ စက်တင်ဘာ ၂၁
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ငပလီမြို့တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း အခြေခံလူတန်းစား အိမ်ထောင်စုများသို့ အခြေခံစားသောက်ကုန်ပစ္စည်းသုံးမျိုးထောက်ပံ့လှူဒါန်းခြင်း ကို ငပလီမြို့ ၊ ဇီးဖြူကုန်းရပ်ကွက်တွင် ယမန်နေ့ နေ့လယ်ပိုင်းက စေတနာရှင်အလှူရှင်များက စုပေါင်း ထောက်ပံ့လှူဒါန်းခဲ့ကြောင်းသိရသည်။
ထိုသို့ ထောက်ပံ့လှူဒါန်းခဲ့ရာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း အမှန်တကယ် အခက်အခဲဖြစ်နေသည့် ငပလီမြို့ ၊ ဇီးဖြူကုန်းရပ်ကွက်အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စုများ အတွက် အိမ်ထောင်စုတစ်စုလျှင် ဆန် (၆) ပြည်တစ်အိတ် ၊ ဆီ (၁) ဗူး နှင့် ကြက်ဥ (၁၀) လုံးတို့ကို ထောက်ပံ့ခဲ့ရာ အခြေခံလူတန်းစားအိမ်ထောင်စု (၁၀၀) အတွက်ထောက်ပံ့လှူဒါန်းခဲ့ကြောင်းသိရသည်။
အဆိုပါ ထောက်ပံ့ခြင်းကို စေတနာအလှူရှင်များမှ စုပေါင်းလှူဒါန်းသည့် အခြေခံစားသောက် ကုန်များကို ပြည်သူ့လက်ဝယ်သို့ရောက်ရှိရေးအတွက် ငပလီမြို့ ပရဟိတလူငယ်များစုပေါင်း၍ သွား ရောက်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း ပရဟိတဆောင်ရွက်နေသူ ကိုကြည်လှိုင်ထံမှသိရသည်။
ရန်ငြိမ်း