ကျိန္တလီ စက်တင်ဘာ ၂၁
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့ ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉တတိယလှိုင်းကာလအတွင်း အရေးပေါ် လိုအပ်နေသော ခွဲစိတ်ခန်းသုံး(PAPR)ဝတ်စုံ(၄)စုံပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ နေ့လယ်(၁)နာရီက ကျိန္တလီမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ပေးအပ် လှူဒါန်းခဲ့ကြောင်းသိရသည်။
ထိုသို့ ကျိန္တလီမြို့ ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉တတိယလှိုင်းကာလအတွင်း အရေးပေါ်လိုအပ်နေ သော ခွဲစိတ်ခန်းသုံး Powered Air Purifying Respirator (PAPR)ဝတ်စုံ(၁)စုံလျှင် ငွေကျပ် ၁၀၂၀၀၀၀ သိန်းဖြင့် ဦးထွန်းထွန်းနိုင်( ဥက္ကဋ္ဌ - We Love Rakhine)နှင့်ဇနီး ဒေါ်ယဉ်မင်းဦးမိသားစုတို့မှ (PAPR) ဝတ်စုံ(၂)စုံ ငွေကျပ် ၂၀၄၀၀၀၀သိန်း နှင့် Lauryn Drainie and Daniel Ross(PHD) ကနေဒါနိုင်ငံ မွန်ထရီရယ်မြို့ နှင့် RCA(Rakhine Costal Region Conservation Association)တို့မှ (PAPR) ဝတ်စုံ(၂)စုံ ငွေကျပ် ၂၀၄၀၀၀၀သိန်း စုစုပေါင်း (PAPR)ဝတ်စုံ(၄)စုံ ငွေကျပ် ၄၀၈၀၀၀၀သိန်းကို ကျိန္တလီမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးဖြိုးဝေလင်းက ကျိန္တလီမြို့ ပြည်သူ့ဆေးရုံးမှ တာဝန်ခံဆရာဝန် ဒေါက်တာအောင်ခင်ထွေးထံသို့ လွှဲပြောင်းလှူးဒါန်းပေးခဲ့ကြောင်းသိရသည်။
ခိုင်မိုးမင်း(ပြန်/ဆက်)