လပွတ္တာ စက်တင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်အတွင်းရှိ ပုဂ္ဂလိက စက်ရုံ၊ အလုပ်ရုံ အလုပ်သမားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံမှုအား ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က လပွတ္တာမြို့နယ် ပြည်သူ့ဆေးရုံဟောင်းတွင် ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေး ထိုးနှံသည့် မြို့နယ်ပြည်သူ့ဆေးရုံအဟောင်းသို့ ယနေ့နံနက်ပိုင်းတွင် ၁၅၀ကျော်ခန့် လာရောက်ထိုးနှံလျက်ရှိကြောင်း သိရသည်။ ကာကွယ်ဆေး ထိုးနှံသည့် မြို့နယ်ပြည်သူ့ဆေးရုံအဟောင်းသို့ လပွတ္တာမြို့နယ်အတွင်းရှိ ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံ အလုပ်သမားများအပြင် မသန်စွမ်း၊ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါရှိသူ များကိုလည်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးသွားမည်ဖြစ်ကြောင်းနှင့် လူဦးရေ(၁၀၀၀၀) အတွက် ဆေးအလုံး (၂၀၀၀)ကိုလည်း ထိုးနှံပေးသွားမည်ဖြစ်ပြီး လပွတ္တာမြို့နယ်တွင် ကာကွယ်ဆေး ထိုးရန် လာရောက်ကြသည့် ပြည်သူများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက စာရင်းမှတ်တမ်းရေးသွင်း ကောက်ယူခြင်း၊ ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ကာကွယ်ဆေး လာရောက်ထိုးနှံသူများကို အပူချိန်တိုင်းပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်းများ ဆောင်ရွက်ပေးပြီး ပုံမှန်အခြေအနေရှိမှ ထိုးနှံပေးလျက်ရှိရာ လပွတ္တာမြို့နယ် ပြည်သူ့ဆေးရုံအဟောင်း အစည်းအဝေးခန်းမတွင် ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေး သွားမှာဖြစ်ကြောင်း သိရသည်။