မောင်တော စက်တင်ဘာ ၂၁
ရခိုင်ပြည်နယ် မောင်တောမြို့နယ် တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ငန်းချောင်းကျေး ရွာ နှင့် ဖားဝပ်ချောင်း ကျေးရွာရှိ ပြည်သူများအား စက်တင်ဘာ ၂၁ ရက်နေ့ နံနက် ၉ နာရီ အချိန်က အဆိုပါ ကျေးရွာ များရှိ သတ်မှတ်စုရပ် နေရာ များတွင် ကိုဗစ်-၁၉ ပိုး ရှိ/မရှိ Rapid Diagn ostic Test (RDT) ဖြင့် အခမဲ့ ကွင်းဆင်း စစ်ဆေးခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက လာရောက်ကြည့်ရှုပြီး လိုအပ်သည်များကို ပေါင်းစပ် ဆောင်ရွက် ပေး ခဲ့ကြကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင် ဦးဆောင် လမ်းညွန်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ် ကျန်းမာရေးဝန်ထမ်းများ ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက ငန်းချောင်း ကျေးရွာရှိ ပြည်သူများထဲမှ မိမိသဘော ဆန္ဒအရ လာရောက် စစ်ဆေးခံသူ(၇၀)ဦး နှင့် ဖားဝပ်ချောင်းကျေးရွာရှိ ပြည်သူများ အထဲမှ မိမိသဘော ဆန္ဒအရ လာ ရောက် စစ်ဆေးသူ (၂၅)ဦး စုစုပေါင်း (၉၅) ဦး အား ကိုဗစ်-၁၉ ပိုး ရှိ/မရှိ Rapid Diagn ostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ ၎င်းတို့မှာ ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိခဲ့ကြောင်း မြို့နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာမှ သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုးစစ်ပေး နေရာများတွင် ဌာနဆိုင်ရာများ၊ ကြက်ခြေနီ တပ်ဖွဲ့ ဝင်များ နှင့် ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများက လိုအပ်သည်များကို ဝိုင်းဝန်း ကူညီဆောင်ရွက်ပေး ခဲ့ကြ ကြောင်း သိရသည်။
သက်လွင်စိုး ခရိုင်(ပြန်/ဆက်)