ကျောက်တော် စက်တင်ဘာ ၂၁
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့၌ လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများအား မြို့ပေါ်ရပ်ကွက်များရှိ အသက်(၅၅)နှစ်ထက် ပြည်သူ များအား ကိုဗစ်ကာကွယ်ဆေး ဆက်လက်ထိုးနှံခြင်းကို ယနေ့ နံနက် ၈ နာရီ အချိန်က မြို့နယ်ပြည်သူ့ဆေးရုံရှိ စုရပ်နေရာများ၌ ကာကွယ်ဆေးများဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ထိုသို့ ကိုဗစ်-၁၉ကာကွယ်ဆေးများအား ဆက်လက်ထိုးနှံပေးရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာညွှန့်၏ စီမံလမ်း ညွှန်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ သန်းထွန်းဦး ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်းရှိ မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာ အုပ်စုများမှ အသက်(၅၅)နှစ် အထက်ရဟန်းရှင်လူပြည်သူများ၊ ဆန်စက်လုပ်ငန်းရှင်များနှင့်ဆီ စက်လုပ်ငန်းများလုပ်ကိုင်နေသော ပြည်သူများအား တရုတ်နိုင်ငံထုတ် (Sinopharm) ကိုဗစ်-၁၉ ကာကွယ်ဆေးများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများမှ ဆက်လက်ထိုးနှံပေးလျှက် ရှိသည်။ ထို့နောက် ကိုဗစ်ကာကွယ်ဆေးလာရောက်ထိုးနှံကြသူများကို မြို့နယ်ပြည်သူ့ ကျန်းမာ ရေးဝန်ထမ်းများက (Sinopharm) ကိုဗစ်-၁၉ကာကွယ်ဆေးလာရောက် ထိုးနှံကြသူများအား ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆေးမထိုးနှံမီ လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုများဖြစ်သော ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးတွင်းလိုအပ်သော အောက်ဆီဂျင်ပမာဏတိုင်းတာပေးခြင်းနှင့် ပုံမှန်အနေအထားရောက် ရှိမှ သာ (Sinopharm) ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံပေးလျှက်ရှိပြီး ကာကွယ်ဆေးထိုးနှံပြီးသူများ ကို မိနစ် ၃၀ ခန့်အနားယူစေခြင်းများကို မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံ ရဲတပ် ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များပူးပေါင်းကာ ကိုဗစ် ကာဆေး ထိုးနှံခြင်းလုပ်ငန်းများ၌ ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
ခင်မောင်ထွန်း(ပြန်/ဆက်)