ပင်လည်ဘူး စက်တင်ဘာ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများရှိ အသက် ၆၅ နှစ် အထက် ပုဂ္ဂိုလ်များနှင့် သတ်မှတ်ဦးစားပေးအုပ်စုအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီး သူများအား ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ပင်လည်ဘူး -အထက တွင် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ပင်လည်ဘူးမြို့နယ်တွင် စက်တင်ဘာလ ၂၀ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပြီးသူ စုစုပေါင်း (၄၂၁၀) ဦး ရှိပြီး ဆေးထိုးရန် ကျန်ရှိသူများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
အေးဝင်းခိုင်