သာစည် စက်တင်ဘာ ၂၂
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးမှူးရုံးမှမြို့နယ်ဦးစီးမှူး ဦးအောင်မွန်နှင့်ဝန်ထမ်းများသည် ယမန်နေ့နံနက် ၉ နာရီက မိတ္ထီလာ လေယာဉ်ထုတ်လုပ်ပြင်ဆင်ရေးဌာနချုပ် အိမ်ထောင်သည်အိမ်ယာတွင် ပန်းခင်းစီမံ ချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းပြီးအခမဲ့ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် သာစည်မြို့နယ် သပြေဝကျေးရွာအုပ်စုအတွင်းပါဝင်သော အဆိုပါအိမ်ယာမှ အိမ်ထောင်စုလူဦးရေစာရင်း ၆ စုနှင့် အသက် ၁၀ နှစ်ပြည့်ပြီးသူ ကျား ၁၅ ဦး မ ၁၆ ဦး စုစုပေါင်း ၃၁ ဦးကိုနိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းပြီးဆောင်ရွက်ကာ ကာယကံရှင်လက်ဝယ်အရောက် ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ထို့ပြင်အခြားမြို့နယ် နှင့်ညှိနှိုင်းဆောင်ရွက်ပေးရမည့် အိမ်ထောင်စုလူဦးရေစာရင်း၇၅ စောင်အားစိစစ် ကောက်ယူ ခဲ့ပြီး ရုံးချင်းဆက်သွယ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)