အင်တောမြို့တွင် ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ RDT- Test Kitဖြင့် စစ်ဆေးပေး

အင်တော   စက်တင်ဘာ ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊  အင်တောမြို့တွင် ဈေးသူဈေးသားများနှင့် ကိုဗစ်-၁၉ရောဂါ သံသယရှိသူတို့အား ကိုဗစ်-၁၉ရောဂါ ပိုးရှိ/မရှိ RDT Test Kitဖြင့် စစ်ဆေးပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက  မြို့မဈေးနှင့်အမှတ်(၁၊၂၊ ၃၊ ၅)ရပ်ကွက်တို့၌ အခမဲ့ကွင်းဆင်းစစ်ဆေးပေးခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ထမ်းများနှင့် ပရဟိတအသင်းအဖွဲ့တို့ ပူးပေါင်းပြီး အင်တောမြို့ မြို့မဈေးအတွင်းရှိ ဈေးရောင်းချသူများနှင့် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ လူများနှင့် ထိတွေ့မိသည့် သံသယရှိသူ (၁၃၀)ဦးတို့အား RDT Test-Kit ဖြင့် စစ်ဆေးခဲ့ရာ ကျား(၁၀)ဦး၊ မ(၁၁)ဦးတို့တွင် ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့သည်။ အဆိုပါ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိသူ များကို အင်တောမြို့ အမှတ်(၁) အခြေခံမူလတန်းကျောင်းတွင် စီစဉ်ထားရှိသည့် ယာယီကုသ ဆောင်တွင် ထားရှိပြီး လိုအပ်သော ကျန်းမာရေးကုသမှုများ ဆောင်ရွက်ထား ပေးကြောင်း သိရ သည်။

အောင်ခိုင်(အင်တောပြန်/ဆက်)၊