ဘားအံခရိုင်အတွင်းရှိကျေးရွာနေပြည်သူများအား ကျန်းမာရေးဝန်ထမ်းများမှ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးသွားရောက်ထိုးနှံပေး

ကမမောင်း  စက်တင်ဘာ ၂၂

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့နှင့်နီးစပ်လျက်ရှိသည့် ဘားအံခရိုင် အတွင်းရှိ မီးဇိုင်းကျေးရွာအုပ်စု၊ဝဲပျံကျေးရွာအုပ်စု၊တကောင်ဘိုးကျေးရွာအုပ်စုတို့ရှိ ကျေးလက်နေပြည်သူများက ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရန် ဆန္ဒရှိကြ သဖြင့် ကမမောင်းမြို့ အုပ်ချုပ်ရေးမှူးဦးသန်းကျော်သူ ဦးဆောင်၍ ကမမောင်းမြို့ ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊မြို့ကြက်ခြေနီအဖွဲ့ခွဲငယ်မှ ကြက်ခြေနီသူနာပြုအဖွဲ့များက ဘားအံမြို့နယ်ရှိ မီးဇိုင်းကျေးရွာ၊ကျေးလက်ကျန်းမာ ရေးဌာန(ခွဲ)သို့ ယမန်နေ့နံနက်ပိုင်းကအသက်(၁၈)နှစ်အထက် ရွာသူ၊ရွာသားများ အားကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinopharm)ကို ပထမအကြိမ်အဖြင့် သွား ရောက် ထိုးနှံပေးခဲ့ကြ‌ကြောင်းသိရသည်။

ဖာပွန်ခရိုင်၊ ကမမောင်းမြို့နှင့်နီးစပ်လျက်ရှိကြသော ဘားအံခရိုင်အတွင်းမှ ကျေးရွာ နေပြည်သူများအနေဖြင့် ကမမောင်းမြို့ရှိ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးသည့် စုရပ်များတွင် လာရောက်ထိုးနှံလိုသည်ဟု မြို့အုပ်ချုပ်ရေးမှူးထံ အသိပေးအကြောင်း ကြားသဖြင့် ကာကွယ်ဆေးထိုးနှံသူနေရပ်လိပ်စာစာရင်းကောက်ယူခြင်း ကိစ္စရပ်များ အခက်အခဲဖြစ်နိုင်သည့်အတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်ပေးသောဆေးခွဲ တမ်းများဖြင့်ကမမောင်းမြို့၊ ကျေးလက်ကျန်းမာရေးဌာနမှ ဝန်ထမ်းများနှင့် ဘားအံ မြို့နယ်၊ ဝဲပျံကျေးရွာအုပ်စုကျေးလက်ကျန်းမာရေးဌာန ဝန်ထမ်းများပူးပေါင်း၍ ကျေးလက်နေပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm) ပထမ အကြိမ်ထိုးနှံပေးခြင်းဖြစ်ကြောင်း၊ အဆိုပါကျေးရွာများမှာဘားအံမြို့နယ်ရှိ ကာကွယ် ဆေးထိုးစုရပ်များနှင့်ခရီးအလှမ်းဝေးသဖြင့်ဖာပွန်ခရိုင်၊ကမမောင်းမြို့နှင့်နီးသည့်အတွက် ယမန်နေ့ နံနက်ကသွားရောက်၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးရ ခြင်းဖြစ်ပါကြောင်း မြို့အုပ်ချုပ်ရေးမှူးက ပြောသည်။

လင်းသန့်(ပြန်/ဆက်)